ဓနုဖြူမြို့နယ်ကုသရေးဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအားအခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး

ဓနုဖြူ ဇန်နဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ကုသရေးဦးစီးဌာနမှ ဓနုဖြူမြို့ပေါ်ရပ်ကွက်များအတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းမှစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှုများ‌ ဆောင်ရွက်ပေးခဲ့သည်။

ဓနုဖြူမြို့နယ်ကုသရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စား(၆၅) ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုအခမဲ့ ဆောင်ရွက်ပေးရာတွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား မှတ်တမ်းစာရင်းရေးသွင်း၍ သွေးပေါင်ချိန်ခြင်း၊ ဆီးချိုသွေးချိုစစ်ပေးခြင်း၊ သွေးတွင်းအောက်စီဂျင် တိုင်းတာခြင်းများ စစ်ဆေးပေးခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ဝေအောင်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မြင့်နှင့် ဝန်ထမ်းများက ဆေးကုသမှုခံယူသော အထွေထွေရောဂါလူနာများအား လိုအပ်သည့်ဆေးဝါးများနှင့် ဆေးကုသမှုများအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)