သတင်းများ

ဝါးခယ်မမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံပေး
Jun 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့၊ အ.ထ.က(၁) ဒေါ်ပိုက်မိခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ‌ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ
Jun 22,2023
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၇ နာရီခွဲအချိန်ခန့်က အခြေခံပညာကျောင်းများတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေဖြစ်ကြောင်း သိရသည်။
ယင်းမာပင်မြို့တွင် စာဖတ်ဝိုင်း ကျင်းပ
Jun 22,2023
ယင်းမာပင်မြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍  ဆဋ္ဌဂံအိပ်မက်စာအုပ်မှ စာရေးဆရာသိုက်စိုးထွန်း (နတ်ရွာ)၏ “တစ်ဝမ်း တစ်ခါး”  ဆောင်းပါးဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းကို  ယမန်နေ့နံနက် ၁၀ နာရီ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များနှင့် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပခုက္ကူမြို့၌ ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ်အကြောင်း အသိပညာပေး(Talk Show) ပြုလုပ်
Jun 22,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ်အကြောင်းအသိပညာပေး (Talk Show)ပွဲ အစီအစဉ်ကို ယနေ့ နံနက် ၉ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ စတုတ္ထအကြိမ်သုတေသန စာတမ်းဖတ်ပွဲ ဖွင့်ပွဲကျင်းပ
Jun 22,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းကျေးရွာအုပ်စုရှိ စိုက်ပျိုး‌ရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၏ စတုတ္ထအကြိမ်သုတေသန စာတမ်း ဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
နတ်တလင်းမြို့နယ်၌ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းရက်သတ္တပတ်လှုပ်ရှားမှု အစီအစဉ်အရ နေဗီယာမြက် သရုပ်ပြစိုက်ပျိုး
Jun 22,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းရက်သတ္တပတ်လှုပ်ရှားမှုအစီအစဉ်အရ နေဗီယာမြက် စိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက ရွာသာကုန်းအုပ်စု၊ ရွာသာကုန်းကျေးရွာ တောင်သူဦးအောင်ထွန်း၏စိုက်ကွက်တစ်ဧကတွင် သရုပ်ပြစိုက်ပျိုးခဲ့သည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုနံရံကပ်စာစောင်၊ စာအုပ်ပြပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် အသိပညာပေး ဟောပြော
Jun 22,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်ပြပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့က ကျင်းပပြုလုပ် ခဲ့သည်။
ဗန်းမော်မြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို လူငယ်သင်တန်းကျောင်း၌ ပြုလုပ်
Jun 22,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၏ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီခွဲက ပေါက်ကုန်းရပ်ကွက်ရှိ အဆိုပါ ကျောင်းဝင်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။