လဲချားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

လဲချား ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နံနက် ၉ နာရီအချိန်က လူငယ်ရေးရာအသိပညာ​ပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဉီးစွာ ဉီးစီးအရာရှိ ဒေါ်ခင်ချိုထွေးက ကျောင်းသား၊​ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန်၊ အောင်မြင်သည့်လူငယ်လူရွယ်များ ပေါ်ပေါက်လာစေရန်၊ စာကြည့်တိုက်အား ရင်းနှီးကျွမ်းဝင်မှုရှိလာ​စေရန်အတွက် ရည်ရွယ်၍ ယခုလို ဟောပြောပွဲများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး လူငယ်ရေးရာနှင့်ပတ်သက်သည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအကြောင်းအရာများအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျောင်းသား၊ကျောင်းသူ (၂၉) ဉီးတက်ရောက်ခဲ့ကြောင်း သိရသည်။

လဲချား (မြို့နယ် ပြန်/ဆက်)