မိုးကုတ်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

မိုးကုတ် ဇန်နဝါရီ  ၁၆

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရည်ချွန်ဆုပေးပွဲနှင့်ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက အမှတ်() အခြေခံပညာအထက်တန်းကျောင်း၊ မြသီတာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အမှတ်() အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများကကြိုဆိုပါသည်စုံညီပွဲတော်တေးသီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ မိုးကုတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်() ဗိုလ်မှူးကျော်သူရွှေက အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်မူမူဆွေမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်() ဗိုလ်မှူးကျော်သူရွှေ၊ မြို့နယ်ပညာရေးပညာရေးမှူး ဒေါ်မူမူဆွေ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာ/ ဆရာမများက ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် ဘတ်စုံထူးချွန်သည့် ကျောင်းသား/သူများ၊ မြို့နယ် /တိုင်းအဆင့်တို့တွင်အဂတိလိုက်စားတိုက်ဖျက်ဖို့ပူးပေါင်းဆောင်ရွက်ကြပါစို့ခေါင်းစဉ်ဖြင့် စာမူဆုရရှိသူများအား ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူလေးများကတောင်ယာဝင်ချိန်၊ ပြည်ထောင်စုအင်အား၊ စည်းလုံးခြင်းအတွက်သီးချင်းတစ်ပုဒ်၊ ဗမာမလေးပါရှင့်တေးသီးချင်းများဖြင့် တေးသရုပ်ဖော်ကပြခဲ့၍ အခမ်းအနားသို့ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကြည်ကြည်နွဲ့ (ပြန်/ဆက်)