အလုံမြို့နယ်တွင် ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် လမ်းမီးများ အသစ်တည်ဆောက်ခြင်း
Jan 16,2024
အများပြည်သူလျှပ်စစ်အန္တရယ်ကင်းရှင်းရေး၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းရေး၊ ဗို့အားပြည့်ဝစွာရရှိရေး၊ ဓာတ်အားပြတ်တောက်မှုမရှိစေရေး၊ မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်တင့်တယ်လှပစေရေးတို့အတွက် ဓာတ်အားလိုင်းများနှင့်မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းနှင့် လမ်းမီးလုံးများအသစ်တည်ဆောက် ဆွဲသားခြင်းလုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် အောက်ကြည့်မြင်တိုင်လမ်းနှင့် သခင်မြပန်းခြံလမ်း ငုဝါလမ်းတွင် လမ်းမီးလုံး စုစုပေါင်း ၆၅ လုံးနှင့် 6.6kV ရုံးချုပ်ကွင်းကျောင်း ဖီဒါဓာတ်အားလိုင်းများတစ်လျှောက် ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်ကြောင်း သိရသည်။