ဘုတ်ပြင်း ဇန်နဝါရီ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီးဌာနကိုယ်စားပြုခရိုင်ရုံး ရုံးသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်က ဘုတ်ပြင်းမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ လယ်ယာမြေစီမံခန်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကော့သောင်းခရိုင် လယ်ယာမြေစီမံခန်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကော့သောင်းခရိုင် လယ်ယာမြေစီမံခန်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ဝန်ကြီးဌာနကိုယ်စားပြု ဘုတ်ပြင်းခရိုင်ရုံး ရုံးသစ်ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်သည်များ ရှင်လင်းပြောကြားသည်။ ဆက်လက်၍ ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ကျော်အောင်၊ ကော့သောင်းခရိုင် လယ်ယာမြေစီမံခန်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းတို့က ခရိုင်ရုံးသစ်ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီး ရုံးသစ်ဆိုင်းဘုတ်အား အမွှေး နံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။ အခမ်းအနားသို့ တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)