မိုင်းယန်း ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်များအသိပညာဗဟုသုကြွယ်ဝစေရန် ရည် ရွယ်၍ ယနေ့နံနက် ၁၀နာရီအချိန်က စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားပြီး စာရေးဆရာနတ်သျှင်(ရွှေဂူ)၏ လူငယ်များကို ပျိုးထောင်ပေးပါ စာအုပ်တွင်ပါရှိသော “ပတ်ဝန်းကျင်ကောင်းကို တန်ဖိုးထားပါ” ခေါင်းစဉ်အောက်တွင် ပတ်ဝန်းကျင်ကောင်းတွင် နေထိုင်တတ်သောသူများဖြစ်စေရန်၊ မိမိတို့ကိုယ်တိုင် ပတ်ဝန်းကျင်ကောင်းဖြစ်ရန် ကျင့်ကြံနေထိုင်သွားကြရန်၊ ကောင်းမွန်သော ပတ်ဝန်းကျင်ကိုလည်း တန်ဖိုးထားတတ်ရန် ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများက အပြန်အလှန် ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတကြွယ်ဝစေရန်နှင့် စာပေဖတ်ရှုမှုအလေ့အထကောင်းများဖြစ်ပေါ်စေရန် နံရံကပ်စာစောင်များ၊ စာအုပ်/စာစောင်များ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
မေရီငြိမ်း (မိုင်းယန်း)