ရေတာရှည် ဇန်နဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer Original) (Pfizer Omicron VCV)ထပ်ဆောင်းထိုးနှံခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ရေတာရှည်မြို့နယ် ကုတင်(၂၅)ဆံ့ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးခဲ့သည်။
အဆိုပါဆေးထိုးနှံခြင်းကို (အသက်၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ၊ အသက် (၆၅) နှစ်နှင့်အထက် ပြည်သူလူထုများ၊ အသက် (၁၈)နှစ်နှင့် အထက်နာတာရှည်ရောဂါရှိသူများနှင့် ကိုယ်ခံအားကျဆင်းသည့် ရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ (Pfizer Original)၊ ကျန်းမာရေးဝန်ထမ်းများ၊ အသက် (၅၀) နှစ်အထက်နာတာရှည်ရောဂါခံစားနေရသော ပြည်သူလူထုများ (Pfizer Omicron VCV) ထပ်ဆောင်းထိုးနှံပေးခြင်း ဖြစ်သည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့်ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့တို့က ကူညီဖေးမစောင့်ရှောက်ကြ၍ ကျန်းမာရေးဌာနမှ ဇန်နဝါရီလ ၁၃ ရက်နေ့က စတင်ထိုးနှံပေးလျက်ရှိရာ ယနေ့ထပ်ဆောင်းထိုးသူ ပေါင်း (၂၇) ဦး ထိုးနှံခဲ့ကြပြီး ကျန်ရှိဝန်ထမ်းများနှင့် ပြည်သူများအား သတ်မှတ်ရက်များတွင် နံနက် (၉) နာရီမှ ညနေ(၄) နာရီထိ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရေတာရှည် (ပြန်/ဆက်)