သတင်းများ

ပူတာအိုမြို့ ရဝမ်အမျိုးသားဥယျာဉ်၌ ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်
Jan 18,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဝါးများကို မူလအတိုင်း ရောင်းချခြင်းထက် တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်၍ ရောင်းချလျှင် ဝင်ငွေပိုမိုရရှိစေခြင်းကြောင့် ဒေသထွက်ဝါးများအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်တတ်လာနိုင်စေရန်၊လူငယ်လူရွယ်များ အလုပ်အကိုင် အခွင့်အလမ်းတိုးတက်စေရန်နှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်၊ လက်မှုအနုပညာပစ္စည်းများကို စိတ်ကူးဉာဏ်ရှိသလို ထုတ်လုပ်တတ်စေရန်နှင့် ဆင်းရဲမှုလျော့ချရေးကို တဖက်တလမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်၍ဖွင့်လှစ်သော ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ(၁၇)ရက် နံနက် (၁၁) နာရီက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ်အမျိုးသားဥယျာဉ် ခရန်ခူးခန်းမ၌ ကျင်းပသည်။
ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေး
Jan 18,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀) နာရီက မီးသတ်ဦးစီးဌာနရုံးသို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့နယ် (အ.ထ.က) ဆိပ်သာကျောင်းတွင် အသိပညာပေးဟောပြောပွဲကျင်းပ
Jan 18,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဆုံလဲအုပ်စု၊ (အ.ထ.က) ဆိပ်သာကျောင်းတွင် ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ယာဉ်အန္တရာယ်များအား သိရှိပြီးကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်ပြီး ယမန်နေ့နံနက်ပိုင်းက အသိပညာပေးဟောပြောပွဲကို အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
ကြံခင်းမြို့ (အ.မ.က) အင်းလပ်အရှေ့ကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jan 18,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ (အ.မ.က) အင်းလပ်အရှေ့ကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
ကန့်ဘလူမြို့၌ ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ
Jan 18,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ်( ၂)ရပ်ကွက်ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အဝင် မြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် ယမန်နှစ် မေလကစတင်၍ ဆောင်ရွက်ခဲ့ရာ ယခုနှစ် ဇန်နဝါရီ ၂ ရက်က ပြီးစီးပြီး အဆိုပါလမ်းသစ်ဖွင့်ပွဲကို ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းက ခရိုင်ရဲတပ်ဖွဲ့မှူး ရုံးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
လိပ်သိုမြို့၌ စာဖတ်ရှိန် မြှင့်တင်ရေး မြို့ပေါ်/ရပ်ကွက်များသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း
Jan 18,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိရေး၊ စာပေမှ ရရှိသည့် ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဒေသနေပြည်သူများနှင့် ဝန်ထမ်းများအား  Mobile စနစ်ဖြင့် စာအုပ်စောင်များ ငှားရမ်းပေးခြင်းကို  ယနေ့ နံနက် ၁၀  နာရီအချိန်က  အမှတ်(၃) ရပ်ကွက်သို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။c
မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ
Jan 18,2024
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ရမည်းသင်းမြို့၊ သင်ပန်းကုန်း အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီတွင် လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ကျင်းပသည်။
အမ်းမြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်ပြပွဲ ပြုလုပ်
Jan 18,2024
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်ပြပွဲကို ယနေ့နေ့လယ်က ပြုလုပ်ခဲ့သည်။