မိုင်းယု ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြိုတွင် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် စက်သုံးဆီအမျိုးအစား၊ သတ်မှတ်ဈေးနှုန်းမှန်၊ မမှန်၊ ချိန်တွယ်ရောင်းချသည့် ဂါလံပြည့် ရောင်းချမှုရှိ/မရှိနှင့် ဆီသိုလှောင်ထားရှိမှုနှင့် ဘေးအန္တရာယ်ကာကွယ်ရေးသုံးပစ္စည်းများ သတ်မှတ်ပုံစံအတိုင်း အသင့်ဆောင်ထားခြင်း ရှိ/မရှိတို့ကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အဆိုပါ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် မြိုစည်ပင်သာယာရေးဌာန မြို့ဦးစီးမှူး ဦးသီဟသူဦးဆောင်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲဦးစီးမှူးနှင့် တာဝန်ရှိသူများက ဒေသတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီများ ရောင်းချနေရာတွင် စက်သုံးဆီအမျိုးအစား၊ သတ်မှတ်ဈေးနှုန်းနှင့် ချိန်တွယ်ရောင်းချမှု မှန်ကန်စေရေး၊ ဆီထားသိုလှောင်မှုအခြေအနေများနှင့် ဘေးအန္တရာယ်ကာကွယ်ရေးသုံးပစ္စည်းများ သတ်မှတ်ပုံစံအတိုင်း အသင့်ဆောင်ထားခြင်း ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်