ရွှေကျင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရွှေကျင် ဇန်နဝါရီ ၁၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ဂန့်ဂေါ်ဝိုင်းရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း (ရွှေကျင်) ပညာရတနာခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် ပညာရေးမှူး ဒေါ်တင်တင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ရွှေကျင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသက်နိုင်စိုးက မှုခင်းကိစ္စများ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ သိရှိနာလည်စေရန် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပြစ်မှုပစ်ဒဏ်များအား အသေးစိတ်ရှင်းလင်းဟောပြောဆွေးနွေးခဲ့‌ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲသို့ ရဲမှူးသက်နိုင်စိုး၊ မြို့မရဲစခန်းမှူး ဒုရဲမှူးအေးမင်းထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်တင်တင်ဦး၊ အ-ထ-က (ရွှေကျင်) ကျောင်းအုပ်ဆရာကြီး ဦးညီညီအောင်နှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်းအင်အား (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)