မိုဝိုင်းလွတ်မြို့၌ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပ

မိုဝိုင်းလွတ် ဇန်နဝါရီ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မိုဝိုင်းလွတ်မြို့၌ ၂၀၂၄ခုနှစ် မြို့နယ်အဆင့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီ ၁၅ ရက်နေ့ နံနက် (၉) နာရီအချိန်က နာဂရိုးရာအားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ သဘာပတိအဖွဲ့မှနေရာယူပြီး အခမ်းအနားကိုစတင်ဖွင့်လှစ်ကာ နိုင်ငံတော်အလံကို အလေးပြုပြီး သဘာပတိ ဦးကျော်ပေါ့က အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် နာဂရိုးရာဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းကို နာဂတိုင်းရင်းသား ဦးဒေးဗစ်ကနာဂရိုးရာ နှစ်သစ်ကူးဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းဖတ်ကြားပြီး သဘာပတိများ ပြန်လည်ထွက်ခွာသည်။

ထို့နောက် နာဂရိုးရာအခမ်းအနားသို့တက်ရောက်ကြသော ဌာနဆိုင်ရာများ၊ ပျော်ပွဲလာပရိသတ်များကို နာဂရိုးရာအစားအစာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ပြီးညနေ (၆) နာရီအချိန်တွင် နာဂတိုင်းရင်းသား မျိုးနွယ်စု (၄) မျိုးမှ အကပဒေသာများနှင့် ခေတ်သစ်အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရှိရသည်။

မိုဝိုင်းလွတ် (ပြန်/ဆက်)