အုတ်ဖို ဇန်နဝါရီ ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာအုပ်စု စက်မှု၊ စိုက်ပျိုးရေးမွေးမြူရေး အထက်တန်းကျောင်းရှေ့တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့လမ်းညွှန်အရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ သက်သာသောစျေးနှုန်းဖြင့် ဆန်၊ ဆီ၊ ကြက်သား၊ ငါး၊ ကြက်ဥ၊ ဟင်းသီး ဟင်းရွက်များကို ယနေ့နံနက်ပိုင်းက ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကိုယ်တိုင်စိုက်ပျိုးမွေမြူထုတ်လုပ်သူများမှ ဒေသခံပြည်သူများ သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန် မနောသုခ ဆန်တစ်ပြည်လျှင် (၂၈၀ဝိ/-)ကျပ်၊ ငါး တစ်ပိဿာ (၄၅၀ဝိ/-) ကျပ်၊ စားအုန်းဆီ တစ်ပိဿာ၊ (၅၄၀ဝိ/-) ကျပ်၊ ကြက်ဥ (၁)လုံး (၂၀ဝိ/-) ကျပ်နှုန်းတို့ဖြင့် ပန်းဂေါ်ဖီ၊ မုန်လာဥနှင့် ဟင်းသီးဟင်းရွက် (၁၀) မျိုးကို ဖြန့်ဝေရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါဈေးရောင်းချပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)