သတင်းများ

တိရိစ္ဆာန်အစာပင် နေဗီယာမြက် စိုက်ပျိုးခြင်းသရုပ်ပြပွဲကျင်းပ
Jun 23,2023
မွန်ပြည်နယ် မော်လမြိုင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရိစ္ဆာန်အစာပင် နေဗီယာမြက် စိုက်ပျိုးခြင်းသရုပ်ပြပွဲကို ဇွန် ၂၁ ရက်တွင် မော်လမြိုင်မြို့နယ် ဇေယျာမြိုင်ရပ်ကွက်ရှိ တောင်သူ ဦးမင်းနိုင် ဦး၏ လယ်ယာမြေ (၁) ဧက၌ ကျင်းပခဲ့သည်။
မင်းဘူးမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မြို့မကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Jun 23,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အ.ထ.က (ခွဲ) မြို့မကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
မင်းဘူးမြို့၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကာကွယ်တားဆီးရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် စစ်ဆေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းဆောင်ရွက်
Jun 23,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု တားဆီးကာကွယ်ရေးအတွက် မဲ့၊ ခြင်၊ ယင်နှင့် ပိုးလောက်လမ်းများ မပေါက်ပွားစေရန် ဖုံး၊ သွန်၊ လဲ၊ စစ် စစ်ဆေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက စည်ပင်သာယာ မြို့မဈေးကြီးအတွင်း ဆောင်ရွက်ခဲ့သည်။
သံတွဲမြို့နယ်တွင် သီးနှံအခြေခံစားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်
Jun 23,2023
သံတွဲခရိုင်၊ အသေးစားစက်မှုလုပ်ငန်း ဦးစီးဌာနမှ  အမျိုးသမီးများ အိမ်တွင်း၌ တစ်ပိုင်တစ်နိုင် ဝင်ငွေရရှိစေရန် တီထွင်ဆန်းသစ်မှုများ ဖန်တီးရန် ရည်ရွယ်၍ သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်ဖိုးမြင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းကို သံတွဲမြို့ အောက်မှတ်ချောင်း ကျေးရွာတွင် ၁၉-၆-၂၀၂၃ ရက်နေ့မှ ၂၅-၆-၂၀၂၃ ရက်နေ့ထိ သင်တန်းသား (၂၀)ဦးဖြင့် (၁)ပတ်အကြာ  ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ် ပလနကျေးရွာရှိ လေဘေးသင့်အိမ်ထောင်စုများနှင့် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာရှိ မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်
Jun 23,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့က လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးသီးများ ကြွေကျခြင်းများကြောင့် ပလနကျေးရွာအုပ်စုမှ ဘေးသင့် အိမ်ထောင်စုများနှင့် ၂၀၂၂ ခုနှစ်၊ သြဂုတ်လအတွင်း ဖားကန့်မြို့နယ်၊ ဟောင်းပါးကျေးရွာအုပ်စု၊ ဆယ်ဇင်းကျေးရွာတွင် အိမ်ခြေ(၃၀၀) မီးလောင်ကျွမ်းပျက်စီးဆုံးရှုံးခဲ့သဖြင့် မီးဘေးသင့်အိမ်ထောင်စုများအား ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဝေါမြို့နယ်၌ တိရိစ္ဆာန်အစာနေပီယာမြက်သရုပ်ပြစိုက်ခင်းစိုက်ပျိုးပွဲကျင်းပ
Jun 23,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ကန်တော်ရပ်ကွက်ရှိ တောင်သူ ဦးတန်ပီ၏ ကုန်မြင့်လယ်ယာမြေတွင် ယမန်နေ့နံနက် ၁၀ နာရီက တိရိစ္ဆာန်အစာနေပီယာမြက် သရုပ်ပြစိုက်ခင်းစိုက်ပျိုးပွဲကျင်းပခဲ့သည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီ ပြိုင်ပွဲကျင်းပ
Jun 23,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အ.မ.ကကျောင်း (၇)ကျောင်းမှ ကျောင်းသား/သူ (၁၄)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
လောင်းလုံးမြို့၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေး ဆောင်ရွက်နိုင်ရေး ကော်မတီအဖွဲ့ဝင်များ ညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 23,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့ နံနက် ၁၀ နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေး ဆောင်ရွက်နိုင်ရေး ကော်မတီအဖွဲ့ဝင်များ ညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။