ဒဂုံအရှေ့ ဇန်နဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်ရှိ မာဂဓီသာစည် ဘုန်းတော်ကြီးသင် ပညာရေးမူလတန်းလွန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့နှင့်မေးခိုင်ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ကျောင်းအုပ်ဆရာတော်ဘဒ္ဒန္တ ဒေါက်တာ အရှင်နေမိန္ဒ (သဒ္ဓမ္မဇောတိကဓဇ)၊ မြို့နယ်ပညာရေးမှူး ဒေါ်ထူးထူးလွင်၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာဒေါ်လဲ့လဲ့ဝင်းနှင့် သူနာပြု ဆရာ၊ ဆရာမကြီးများ တက်ရောက်ကာ ကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေးအသိပညာပေးဆိုင်ရာများကို ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများအား ဟောပြောခဲ့ကြသည်။
ဆက်လက်၍ ဆုံဆို့နှင့်မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်းကို KG တန်းမှစ၍ ကျောင်းသား/ သူ ပေါင်း (၁၉၀)ကျော်ကို ထိုးနှံပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူပေါင်း (၁၃၀၀)ကျော်ကိုလည်း ဆက်လက်ထိုးနှံသွားမည်ဖြစ်ကြောင်း သိရသည်။
ဖူးမို (ပြန်/ဆက်)