မှော်ဘီမြို့နယ် အ.ထ.က (သန္ဓေပင်) ၌ ဘက်စုံပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

မှော်ဘီ ဇန်နဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ဘက်စုံပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သန္ဓေပင်) ပညာသန္ဓေခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မှော်ဘီခရိုင် လက်ထောက်ပညာရေးမှူး ဒေါက်တာမိုးစန္ဒာသိန်းနှင့် သန္ဓေပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်အေးတို့က အမှာစကားအသီးသီး ပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုမာက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ ဘက်စုံပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီခဲ့ကြသော အလှူရှင်များအားကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုမာနှင့် တာဝန်ရှိဆရာမများက အလှူရှင်ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်နှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဘက်စုံပညာရည်ချွန်ဆုရရှိသူများကို တက်ရောက်လာသော တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး အ.ထ.က (သန္ဓေပင်) ကျောင်းမှ တိုင်းဒေသကြီအဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တို့တွင် ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူလေးများက အကများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ဝင်းဇော်(မှော်ဘီ)