ဖြူးမြို့နယ်၌ လူထုအခြေပြုဗဟိုဌာန၌ လူပီသသောလူ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ဖြူး ဇန်နဝါရီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club)အဖွဲ့တို့ပူးပေါင်း၍ စာဖတ်စွမ်းရည်များကောင်းမွန်ပြီး ဖတ်မှတ်ထားသည့် စာအုပ်စာပေများအားပြန်လည်မျှဝေနိုင်စေရန်အတွက်ရည်ရွယ်ပြီး စာရေးဆရာကိုစိုးထိုက်(ဖဒို)ရေးသားသည့်“လူပီသသောလူ”စာအုပ်အား ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်အိမာဟိန်းက  စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့၀င်ဦးလှမြင့်မှ လူပီသသောလူစာအုပ်မှ “Shark တစ်ဗူး၏အရသာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင်ဦးစိုးဝင်းမှ “ပထမ၏တန်ဖိုး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင်ဦးအောင်မြင့်ဦးမှ  ”အမှောင်နောက်ကအလင်းများ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြားဆွေးနွေး ခဲ့ကြသည်။

ဆက်လက်၍ အဆိုပါဖတ်ကြားခဲ့သည့် ခေါင်းစဉ်များမှ အကြောင်းအရာများအား (Book Club)အဖွဲ့များ၊ စာပေချစ်မြတ်နိုးသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက အပြန်အလှန်ဆွေးနွေးခြင်း၊ ဆွေးနွေးချက်များအပေါ် ဖတ်ကြားသူများက ပြန်လည်သုံးသပ်ဆွေးနွေးပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

နေမျိုးလွင်(ပြန်/ဆက်)