သတင်းများ

ဆီဆိုင်မြို့နယ်၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 25,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသများရရှိစေရေး၊ အပူဒဏ်ကာကွယ်နိုင်ရေး၊ ရေထွက်ပင်ရင်းမှ နွေရာသီရေခန်းခြောက်မှု မဖြစ်ပေါ်စေရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာ နမ့်ပါမူးရေထွက်၌ကျင်းပခဲ့သည်။
မင်းလှမြို့ ဘုရား‌ခြောက်ဆူကျောင်းတိုက်တွင် ဒုတိယအကြိမ်မြောက် ဓမ္မစကူးလ်သင်တန်းဖွင့်ပွဲကျင်းပ
Jun 25,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၊ မြောက်ရပ်ကွက်ရှိ ဘုရားခြောက်ဆူဘုန်းကြီးကျောင်း ဓမ္မာရုံတွင်ဒုတိယအကြိမ်မြောက် ဓမ္မစကူးလ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၇နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ဆို၊ပုံပြင်ပြောပြိုင်ပွဲနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Jun 25,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ကလေးစာဖတ်ခန်း၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ဆို၊ ပုံပြင်ပြောပြိုင်ပွဲနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့ ညနေ(၃)နာရီအချိန်က ပြုလုပ်ကျင်းပခဲ့သည်။
မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မိုးစပါးကွင်းသရုပ်ပြပွဲ ကြည့်ရှု
Jun 25,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယနေ့ နံနက် ၈ နာရီခွဲက မိုးစပါး SRI စံပြကွက် ကွင်းသရုပ်ပြပွဲကို သွားရောက်ကြည့်ရှုခဲ့သည်။
မောက်မယ်မြို့နယ်၌ နွေရာသီရှမ်းတိုင်းရင်းသားစာပေသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Jun 25,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ မိုင်းပုတ်ကျေးရွာအုပ်စု၊ ခိုဆိုင်းကျေးရွာတွင် မြို့နယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ကျေးရွာအတွင်းရှိ ကျောင်းသား၊ကျောင်းသူလူငယ်လူရွယ်များအား ဧပြီလ ၂၄ ရက်နေ့မှ မေလ ၃၁ရက်နေ့ ညစဉ် ၆နာရီမှ ၉နာရီအထိ သင်ကြားပို့ချခဲ့ပြီး နွေရာသီရှမ်းတိုင်းရင်းသားစာပေ သင်တန်းဆင်းပွဲ အခမ်းအနား ကို ယနေ့နံနက် ၇ နာရီအချိန်တွင် ခိုဆိုင်းကျေးရွာခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
မြောင်းမြမြို့တွင် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်ရွတ်ဆို ပူဇော်မှုပြိုင်ပွဲ ခရိုင်အဆင့်ကျင်းပ
Jun 25,2023
 ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင်  ခရိုင်အဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် ရွတ်ဆိုပူဇော်မှုပြိုင်ပွဲကို ယမန်နေ့နံနက် (၉) နာရီက ရွှေသာလျောင်းဘုရားကြီး ဂန္ဓကုဋီတိုက်တွင်   ကျင်းပခဲ့သည်။
လားရှိုးမြို့၌ ခရိုင်အဆင့် ဓမ္မစကြာနှင့်အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်ပြိုင်ပွဲကျင်းပ
Jun 25,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ကျင်းပပြုလုပ်သည့် ခရိုင်အဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က လားရှိုးမြို့ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင်ပြုလုပ်ခဲ့သည်။
ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် သဘာဝရွက်ဖြန်းအားဆေးနှင့် သဘာဝပိုးပြေးဆေးများ လက်တွေ့ပြုလုပ်ပြသ
Jun 25,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၊ စိုက်ပျိုးရေးဦးစီးဌာနတွင် ယမန်နေ့က တောင်သူများအား ဖိတ်ကြားပြီး မိမိတို့စိုက်ပျိုးထားသည့် သီးနှံများ ပိုးမွှားရန်မှ ကာကွယ်နိုင်စေရန်နှင့် အထွက်နှုန်း တိုးလာစေရန်၊ တန်ဖိုးနည်းပြီး မိမိတို့ပါတ်ဝန်းကျင်တွင် အလွယ်တကူရရှိနိုင်သည့် ပစ္စည်းများနှင့် ကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်သည့် သဘာဝရွက်ဖြန်းအားဆေး၊ သဘာဝပိုးပြေးဆေးများ ပြုလုပ်နည်းများကို လက်တွေ့ပြုလုပ် ပြသခဲ့သည်။