စလင်းမြို့နယ်တွင် တိရိစ္ဆာန်အစာပင် နေဗီယာမြက်(၁)ဧကစံပြ သရုပ်ပြစိုက်ပျိုးခြင်းများဆောင်ရွက်
Jun 25,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အောက်လှိုင်းကျေးရွာအုပ်စု ပိန်နဲပင်ကြေးရှာ၊ တောင်သူ ဦးကိုကိုလွင်၏ မြေ(၁)ဧကတွင် မွေးမြူရေးကဏ္ဍ ဖွံဖြိုးတိုးတက်စေရန်အတွက် အဟာရ ပြည့်ဝသော တိရိစ္ဆာန်အစာပင်များကို စိုက်ပျိုး၍ မွေးမြူရေးစနစ်ကို ကျင့်သုံးပြီးဒေသခံ တိရိစ္ဆာန်မွေးမြူရေးအနေဖြင့် လိုက်နာကျင့်သုံးတတ်စေရန် ရည်ရွယ်၍ ဇွန် ၂၃ ရက်နံနက်(၈)နာရီက နေဗီယာ မြက်များ သရုပ်ပြစိုက်ပျိုးခဲ့ကြောင်း သိရသည်။