မင်းလှမြို့ ဘုရား‌ခြောက်ဆူကျောင်းတိုက်တွင် ဒုတိယအကြိမ်မြောက် ဓမ္မစကူးလ်သင်တန်းဖွင့်ပွဲကျင်းပ

အထက်မင်းလှ ဇွန် ၂၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၊ မြောက်ရပ်ကွက်ရှိ ဘုရားခြောက်ဆူဘုန်းကြီးကျောင်း ဓမ္မာရုံတွင်ဒုတိယအကြိမ်မြောက် ဓမ္မစကူးလ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၇နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဘုရားခြောက်ဆူကျောင်းတိုက်ဆရာတော် ဦးစန္ဒောဘာသ၊ မဟာစည်ကျောင်းတိုက် ဆရာတော်ဦးဇနကနှင့် ရွှေချောင်းကျောင်းတိုက်ဆရာတော်တို့က ဩဝါဒတရားဟောကြားတော်မူပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မင်းလှမြို့နယ်အတွင်း၌ ဗုဒ္ဓဘာအခြေခံယဉ် ကျေးလိမ္မာ သင်တန်းများ၊ ဓမ္မစကူးလ်သင်တန်းများ ဖွင့်လှစ်ရခြင်းမှာ ကျောင်းသား၊ကျောင်းသူများအား လိမ္မာယဉ်ကျေး သောကလေးငယ်များဖြစ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ လထို့နောက်မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးသောင်းထိုက်က ဒုတိယအကြိမ်မြောက်ဓမ္မစကူးလ်သင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သညိ။

အဆိုပါ ဓမ္မစကူးလ်သင်တန်းတွင် မြောက်ရပ်ကွက်နှင့် ရုံးရပ်မြောက်ပိုင်းရပ်ကွက်တို့မှ ကျောင်းသား၊‌ ကျောင်းးသူ(၁၇၃)ဦးအားသင်တန်းဆရာ၊ဆရာမများက အပတ်စဉ်တနင်္ဂနွေနေ့တွင် သင်ကြားပေးမည်ဖြစ်သည်။ ဓမ္မစကူးလ်သင်တန်းတက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်နှင့်အဖွဲ့ဝင်များက ဗုဒ္ဓဘာသာအခြေခံယဉ်ကျေးလိမ်မ္မာ သင်ခန်းစာများအား ဖြန့်ဝေပေးပြီး သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ဇာဇာ(ပြန်/ ဆက်)