သတင်းများ

နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာရှမ်းကန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် ကန်ပတ်ဝန်းကျင်သာယာလှပရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး
Jun 25,2023
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်း၊ ပျဉ်းမနား မြို့ မြို့မိမြို့ဖများနှင့် အတူ ယမန်နေ့ မွန်းလွဲပိုင်းက ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန် အဆင့် မြှင့်တင်ခြင်းလုပ်ငန်းနှင့် ကန်ပတ်ဝန်းကျင်သာယာလှပရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဉီးအောင်ကြည်သိန်း- ၂၀၂၃ခုနှစ်မိုးရာသီ မုတ်သုန်ဖလားဂေါက်သီးရိုက် ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားနှင့် ပြည်သူအကျိုးပြုစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး
Jun 25,2023
၂၀၂၃ခုနှစ်မိုးရာသီ မုတ်သုန်ဖလား  ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို မော်လမြိုင်ဂေါက်ကလပ်ဂေါက်သီးရိုက်ကွင်း၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ် ရာမွန်ပြည်နယ် ဝန်ကြီးချုပ် ဉီးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဂေါက်သီးရိုက်အား ကစားသမားများ တက်ရောက်ကြသည်။
ရသေ့တောင်မြို့နယ်၌ လယ်သမားများအား စိုက်ပျိုးချိန်အမီ ထွန်ယက်ပေးနိုင်ရန်စက်မှု လယ်ယာပိုင် ထွန်စက် Brand New အသစ် အစီး(၂၀)ရောက်ရှိ
Jun 25,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် တောင်သူလယ်သမားများ၏ ကျွဲ၊ နွားတိရိစ္ဆာန်များ သေဆုံးမှုများ ရှိခဲ့ရာ ယခုနှစ်စိုက်ပျိုးရာသီအမီ ထွန်ယက်လုပ်ကိုင်နိုင်ရန် သဘာဝဘေး ပြန်လည်ထူထောင်ရေးအနေဖြင့် ရသေ့တောင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် ရခိုင်ပြည်နယ် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ထွန်ယက်စိုက်ပျိုးရန် ခက်ခဲနေသည့် တောင်သူများအား New Holland အမျိုးအစား (မြင်းကောင်ရေ-၅၀ရှိ) ထွန်စက်များ​ဖြင့် ထွန်ယက်ပေးသွားမည်ဖြစ်ရာ ယခုအခါ ရသေ့တောင် မြို့နယ်အတွက် ထွန်စက်အစီး (၂၀) ရောက်ရှိလာပြီ ဖြစ်၍ ကျေးရွာများအလိုက် ခွဲဝေချထားဆောင်ရွက်ခဲ့သည်။
တောင်ငူမြို့၌ ၂၀၂၃ ခုနှစ်၊ မိုးရာသီတိရစ္ဆာန်အစာပင် နေဗီယာမြက် စိုက်ပျိုးခြင်း သရုပ်ပြသ
Jun 25,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ ကံရိုးကျေးရွာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးအဖွဲ့တို့ပူးပေါင်း၍ ၂၀၂၃ ခုနှစ် မိုးရာသီတိရစ္ဆာန် အစာပင် စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်ဖြင့် နေဗီယာမြက်စိုက်ပျိုးသရုပ်ပြသခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က တောင်သူ ဦးသာယာဂျန်း၏ ရွာမြေ (၁) ဧက၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မော်လိုက်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပ
Jun 25,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
စိုက်ပျိုးရေးသိပ္ပံ (ပျဉ်းမနား) နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ပြခန်းများအား ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်တစားလာရောက်လေ့လာ
Jun 25,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)၌ ယမန်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေးသိပ္ပံနှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် တည်ထောင်ခြင်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ပြခန်းများ ပြသ ထားရှိရာ ပြသထားရှိရာ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စည်ကားသိုက်မြိုက်စွာ လာရောက်လေ့လာကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။
စလင်းမြို့နယ်တွင် တိရိစ္ဆာန်အစာပင် နေဗီယာမြက်(၁)ဧကစံပြ သရုပ်ပြစိုက်ပျိုးခြင်းများဆောင်ရွက်
Jun 25,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အောက်လှိုင်းကျေးရွာအုပ်စု ပိန်နဲပင်ကြေးရှာ၊ တောင်သူ ဦးကိုကိုလွင်၏ မြေ(၁)ဧကတွင် မွေးမြူရေးကဏ္ဍ ဖွံဖြိုးတိုးတက်စေရန်အတွက် အဟာရ ပြည့်ဝသော တိရိစ္ဆာန်အစာပင်များကို စိုက်ပျိုး၍ မွေးမြူရေးစနစ်ကို ကျင့်သုံးပြီးဒေသခံ တိရိစ္ဆာန်မွေးမြူရေးအနေဖြင့် လိုက်နာကျင့်သုံးတတ်စေရန် ရည်ရွယ်၍ ဇွန် ၂၃ ရက်နံနက်(၈)နာရီက နေဗီယာ မြက်များ သရုပ်ပြစိုက်ပျိုးခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ် ရွှေဇံသီးကျေးရွာနတ်အင်းချောင်း မျောပိုင်အခြေပြု ကျောက်စီမြေထိန်းနံရံတည်ဆောက်နေမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု
Jun 25,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ရွှေဇံသီးကျေးရွာအုပ်စု၊ရွှေဇံသီးကျေးရွာ နတ်အင်းချောင်း(မျောပိုင်)အခြေပြု ကျောက်စီမြေထိန်းနံရံ ပြုလုပ်ဆောင်ရွက်ခြင်းကို ဇွန်လ(၆) ရက်နေ့ကစတင်၍  (Champion Carwn)ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့သည်။