ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့်တာဝန်ရှိသူများ ၂၀၂၃ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနား သို့တက်ရောက် ဂန္ဓာရီဘုန်းတော်ကြီးကျောင်းသို့ လှူဖွယ်ဝတ္တုများ လှူဒါန်း
Jun 26,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း၊ ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီးတင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဇော်ဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၉ နာရီ အချိန်က ဘူးသီးတောင်မြို့နယ် ကွန်တိုင်ကျေးရွာအုပ်စုရှိ အစိုးရစက်မှု (အထက) ကျောင်းခြံဝင်း၌ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ အမျိုးသမီး ရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ကွန်တိုင်ကျေးရွာအုပ်စုရှိ ကျေးရွာသူ/ကျေးရွာသားများ၊ စုစုပေါင်းအင်အား (၃၅၀) ဦးတို့ဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန်အတွက် ၂ဝ၂၃ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်အခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်ခဲ့ပြီး အဆိုပါသစ်ပင်စိုက်ပွဲတော်တွင် ကျွန်း-၁၅၀ပင်၊ ပျဉ်းကတိုး (၁၅၀) ပင်၊ မန်ဂျန်ရှား (၂၀၀) ပင်၊ဗန်ဒါ (၁၅၀) ပင်၊ ရေတမာ (၁၅၀) ပင်၊ သင်္ဂနက် (၁၅ဝ) ပင်၊ ခရေ (၁၅၀) ပင်၊ မယ်ဇလီ (၁၅၀) ပင်၊ စုစုပေါင်း (၁၂၅၀)ပင် စိုက်ပျိုး ခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။