သတင်းများ

နတ်မောက်မြို့နယ်၌ အာဆီယံသပြေပန်း စိုက်ပျိုးရောင်းချသူများ အောင်မြင်ဖြစ်ထွန်း၍ မိသားစုအပိုဝင်ငွေရရှိ
Jun 30,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ပန်းစိုက်ပျိုးသူများ စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုင်ဝင်ငွေရရှိစေရန် အာဆီယံသပြေပန်း စိုက်ပျိုးရေးလုပ်ငန်းအား တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းပြီး အာဆီယံသပြေပန်းများ ချိုးယူရောင်းချရသဖြင့် မိသားစုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း နတ်မောက်မြို့ အင်းကုန်းကျေးရွာအတွင်းရှိ အာဆီယံသပြေစိုက်ပျိုးသူထံက သိရသည်။
နတ်မောက်မြို့နယ်တွင် ဒေသခံတောင်သူများ ကျွဲနွားတိရစ္ဆာန်အစာ ဖူလုံစေရန်နှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိုးရာသီတိရစ္ဆာန်အစာပင် (နေဗီယာမြက်) လက်တွေ့ စုပေါင်း စိုက်ပျိုး
Jun 30,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ဒေသခံတောင်သူများ ကျွဲနွားတိရစ္ဆာန်အစာ ဖူလုံစေရန်နှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိုးရာသီတိရစ္ဆာန်အစာပင် (နေဗီ ယာမြက်) လက်တွေ့စိုက်ပျိုးခြင်းကို ရွာတော်ကျေးရွာနေ တောင်သူ ဦးဝင်းမြတ်ဌေး၏ ယာမြေ၌ ဇွန်လ(၂၉)ရက်နေ့ နံနက်(၉)နာရီအချိန်က စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မိုးရာသီစုပေါင်းသစ်ပင်များစိုက်ပျိုး
Jun 30,2023
ရေထွက်ပင်ရင်းမှ နွေရာသီရေခန့်ခြောက်မှု မဖြစ်ပေါ်စေရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် ကျေးရွာသူ/ကျေးရွာသားတို့သည် ဇွန် ၂၉ ရက် နံနက် ၁၀ နာရီက မိုးရာသီ စုပေါင်းသစ်ပင်များ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မြို့သစ်မြို့နယ် အခြေခံပညာကျောင်းများတွင် ကျောင်းမုန့်စျေးတန်းစစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများဆောင်ရွက်
Jun 30,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ရောင်းချနေသည့် ကျောင်းမုန့်စျေးတန်းများစစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း များကို ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ပုဗ္ဗသီရိမြို့နယ်၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 30,2023
ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ  မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
ပန်းတောင်းမြို့နယ်၌ (၁၀၁)နှစ်မြောက်သမဝါယမနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသင်းသားများသို့ ထောက်ပံငွေပေးအပ်ပွဲအခမ်းအနားကျင်းပ
Jun 30,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ နေခြည်လင်းရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်မှ (၁၀၁)နှစ်မြောက်သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသင်းသားများသို့ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၉:၃၀)အချိန်က သမဝါယမဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဝန်ထမ်းများအား e-ID စနစ်ဖြင့် ဇီဝဆိုင်ရာ ကိုယ်ရေးအချက်အလက်များ ကွင်းဆင်းကောက်ယူ
Jun 30,2023
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ဦးစီးမှူးရုံးက e-ID စနစ် အသုံးပြု၍ နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်(Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူခြင်း လုပ်ငန်းများကို  အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းနှင့် လက်ပနွယ်ကျေးရွာအခြေခံ ပညာအလယ် တန်းကျောင်းတို့တွင် ကွင်းဆင်းကောက်ယူဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ် ရဲမှုထမ်းဟောင်းများအဖွဲ့သို့ မတည်ရန်ပုံငွေနှင့် ရဲမှုထမ်းဟောင်းများအား ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်ဥများ ထောက်ပံ့ပေးအပ်
Jun 30,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ရဲမှုထမ်းဟောင်းများအဖွဲ့သို့ မတည်ရန်ပုံငွေနှင့် ရဲမှုထမ်းဟောင်းများအား ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်ဥများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။