သတင်းများ

ကျောက်တော်မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့မှ ဘုန်းတော်ကြီးကျောင်းများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Jun 30,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့မှ ဘုန်းတော်ကြီးကျောင်းများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သည်။
ပင်လုံတက္ကသိုလ်၌ “လူငယ်နှင့်မူးယစ်ဆေး” စကားဝိုင်း ဆွေးနွေးပွဲကျင်းပ
Jun 30,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် “လူငယ်နှင့်မူးယစ်ဆေး” စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၉)ခွဲအချိန်က ပင်လုံတက္ကသိုလ်၌ ကျင်းပပြုလုပ်ခဲ့‌‌‌ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်မှ တောင်သူများ ချဉ်ပေါင် အပါအဝင် ဟင်းသီးဟင်းရွက် စိုက်ခင်းများမှ နေ့စဉ် ပုံမှန်ဝင်ငွေရရှိနေ
Jun 30,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ကျောက်တန်း ကျေးရွာမှ  တောင်သူများအနေဖြင့် ချဉ်ပေါင်အပါအဝင်  စိုက်ခင်းများမှ ထွက်ရှိသော ဟင်းသီးဟင်းရွက်များအား ဈေးကွက်အတွင်း ပို့ဆောင်ရောင်းချခြင်းဖြင့် နေစဉ်ပုံမှန်ဝင်ငွေ ရရှိလျက်ရှိကြသည်။
မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  ပုံတူပန်းချီပြိုင်ပွဲ ကျင်းပ
Jun 30,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပုံတူပန်းချီပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်ခန့်က ကျင်းပဆောင်ရွက်ခဲ့သည်။
မိုးမိတ်မြို့နယ်တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jun 30,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီအချိန်က ခရိုင်မြို့ကွက်သစ်၊ ရွှေတိဂုံပုံတူမြို့ဦးစေတီသွားလမ်းဘေးဝဲ၊ ယာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ်၌ ၂၀၂၃ ခုနှစ် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ အထိမ်းအမှတ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 30,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ မီးသတ်ဦးစီးဌာနမှူးရုံး၌ ၂၀၂၃ ခုနှစ် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီအချိန်က အဆိုပါရုံးဝန်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မြို့ပေါ်/ရပ်ကွက်များသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှါးရမ်း
Jun 30,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့် ကောင်းများ ရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှါးရမ်း နိုင်သော ဒေသနေပြည်သူများနှင့် ဝန်ထမ်းများအား Mobile စနစ်ဖြင့် စာအုပ်စောင်များ ငှါးရမ်းပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က အမှတ် (၃) ရပ်ကွက်သို့ သွားရောက်ငှါးရမ်းပေးခဲ့ကြောင်း သိရသည်။
ပင်းတယမြို့နယ်၌ ဂျင်းစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း
Jun 30,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ တောင်သူများသည် သဘာဝ၊ တောတောင်၊ ရေ၊ မြေဆီလွှာနှင့် ကိုက်ညီသော ရာသီဉတုရှိသည့် တောင်ပေါ်ဒေသဖြစ်သည်နှင့် အညီ၊ ဓနုတိုင်းရင်းသားများသည်