သတင်းများ

ပေါင်းတည်မြို့နယ် မိုးစပါးစိုက်ပျိုးရေး၌ စက်မှုလယ်ယာစနစ်ဖြင့် ထွန်ယက်စိုက်ပျိုးမှုများပြား
Jun 30,2023
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ မိုးစပါးစိုက်ပျိုးရာတွင် မြို့နယ်စိုက်ပျိုးမှု ကြီးကြပ်ရေးကော်မတီနှင့် စိုက်ပျိုးတောင်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ လယ်ယာကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် စက်မှုလယ်ယာစနစ်ဖြင့် ထွန်ယက်စိုက်ပျိုးမှု ပိုမိုများပြားလာကြောင်း စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် ခရီးသွားလုပ်ငန်းကော်မတီ ၆/၂၀၂၃ ကြိမ်မြောက်အစည်းအဝေး တက်ရောက်၊ အကျဉ်းထောင်ရှိတာဝန်ရှိသူများအားတွေ့ဆုံ၍ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လိုအပ်ချက်များအား ပံ့ပိုးဖြည့်ဆည်းပေး
Jun 30,2023
စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ၆/၂၀၂၃ ကြိမ်မြောက် အစည်းအဝေးကို ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်၊ ဒုတိယဥက္ကဌ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော် မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ပန်းတနော်မြို့နယ် မင်းတစုသဘာဝမြစ်ချောင်းအတွင်းသို့ ငါးမျိုးများစိုက်ထည့်
Jun 30,2023
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးများပြုန်းတီးမှု မဖြစ်ပေါ်စေရေး၊ ဒေသခံပြည်သူများ၏ ငါးရိက္ခာဖူလုံစေရေးတို့အတွက် မင်းတစုကျေးရွာရှိ မင်းတစုသဘာဝမြစ်ချောင်းအတွင်းသို့ ယနေ့နံနက် ၉ နာရီက ငါးသားပေါက်ကောင်ရေ လေးသိန်းစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ စိုက်ပျိုးရေးသိပ္ပံ(မြစ်ကြီးနား)ကျောင်းဝင်း အတွင်း ၂၀၂၃ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုး
Jun 30,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်မှုဖြင့် စိုက်ပျိုးရေးသိပ္ပံ (မြစ်ကြီးနား)ကျောင်းဝင်း အတွင်း၌ ၂၀၂၃ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၃၀ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့၊ မော်ဖောင်းကျေးရွာအတွင်းရှိ အဆိုပါကျောင်းဝင်းအတွင်း မွေးမြူရေးဇုံနေရာမြေကွက်လပ်၌ ကျင်းပပြုလုပ်သည်။
လပွတ္တာမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများအား (Biometric Data) ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းများဆောင်ရွက်
Jun 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးတွင် ယမန်နေ့နံနက်ပိုင်းက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
ဖျာပုံမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အလှပြင်သင်တန်းဆင်းပွဲ ကျင်းပ
Jun 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဖျာပုံမြို့အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းနှင့် PTTEP International Limited (Yangon Branch) တို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု " အလှပြင်သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ (၃၀) ရက်နေ့ နံနက် (၁၀) နာရီအချိန်က ဖျာပုံမြို့အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းခန်းမ၌ကျင်းပပြုလုပ်သည်။
သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး မြို့နယ်အဆင့် လုပ်ငန်းညှိနိုင်းစည်းဝေးကျင်းပ
Jun 30,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အဆင့် သွေးလွန်တုပ်ကွေးရောဂါ နှိမ်နင်းရေး လုပ်ငန်းညှိနိုင်းအစည်းအဝေးကို ဇွန် ၃၀ရက် နံနက် (၁၀) နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန သင်းရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
ဟိုပုံးမြို့နယ်၌ ကြိုးပြင်ကာကွယ်တောအဖြစ်သတ်မှတ်နိုင်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Jun 30,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကြိုးပြင်ကာကွယ် တောအဖြစ်သတ်မှတ်နိုင်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က ဘော်ကုန်းကျေးရွာအုပ်စု၊ နမ့်ပေါ်စွန်းဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြသည်။