သတင်းများ

ရွှေတောင်မြို့နယ်၌ လူငယ်‌ရေးရာ အသိပညာပေး ဟောပြောခြင်းများနှင့် အာဟာရဖွံ့ဖြိုးတိုးတက်စေရန် နွားနို့တိုက်ကျွေးခြင်းများဆောင်ရွက်
Jun 30,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အ.မ.က(ကူကြီး)ကျောင်းတွင် ကျောင်းသား / ကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေး ဟော‌ပြောခြင်းနှင့် အာဟာရ ဖွံ့ဖြိုးတိုးတက်‌စေရန် နွားနို့တိုက်‌ကျွေးခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ကမ္ဘာ့ဘဏ်(World Bank)၏ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာပါ တွေ့ရှိချက်များ ဆွေးနွေးပွဲကျင်းပ
Jun 30,2023
ကမ္ဘာ့ဘဏ် (World Bank) သည် နှစ်စဉ်မြန်မာ့စီးပွားရေး အခြေအနေကို စောင့်ကြည့်လေ့လာသုံးသပ်၍ တွေ့ရှိချက်များကို ခြောက်လတစ်ကြိမ် ခြုံငုံ၍ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင် ခံစာကို ပြုစုထုတ်ပြန်လျက်ရှိပြီး ၂၀၂၃ ခုနှစ်အတွက် ဒုတိယအကြိမ်အစီရင်ခံစာဖြစ်သည့် “World Bank Myanmar Economic Monitor” ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ကုန်သည် စက်မှုအသင်းချုပ်၊ မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။
နတ်မောက်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်
Jun 30,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ရွာမွန်ကျေးရွာနှင့် ကြက်လျှာကျေးရွာတို့တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့က အဆိုပါကျေးရွာများတွင် ကျင်းပခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်၌ မြေပဲစိုက်တောင်သူများ ဈေးကောင်းရရှိရန်မျှော်လင့်
Jun 30,2023
တံတားဦးခရိုင် တံတားဦးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကစီးပွားရေး အဖြစ် လုပ်ကိုင်ကြပြီး ဒေသနှင့်ကိုက်ညီသောသီးနှံများကို စိုက်ပျိုးလုပ်ကိုင်စားသောက်ကြရာ ယခုနှစ်မိုးဦး ကာလတွင် စိုက်ပျိုးထားသည့် မြေပဲစိုက်တောင်သူများ ဈေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်းသိရသည်။
ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာနတွင် “အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေး”အသိပညာပေး  Talk Show ကျင်းပ
Jun 30,2023
အမျိုးသမီးများအကြမ်းဖက်မှုမှ ကာကွယ်နိုင်ရန်ရည်ရွယ်၍ “အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေး” အသိပညာပေး Talk Show ကို ယမန်နေ့ နေ့လယ် ၂ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင်ပြည်သူများစားဝတ်နေရေး အဆင်ပြေချော မွေ့စေရေးအတွက် အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး
Jun 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ပြည်သူများစားဝတ်နေရေး အဆင် ပြေချောမွေ့စေရေးအတွက် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက် ၈ နာရီအချိန်ခန့်က ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အခွန်လွတ်ဈေး၌ ရောင်းချပေးခဲ့သည်။
ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာ ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား အခမဲ့ကွင်းဆင်းဆောင်ရွက်ပေး
Jun 30,2023
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အာဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လဝက ဦးစီးမှူးရုံးမှ  မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးစေရေးအတွက် ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်နိုင်ရန် အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ
ကာမိုင်းမြို့ မြို့မရပ်ကွက်အတွင်းရှိ ဘောလုံးကွင်းဘေးလမ်း လောရှာချောင်း ရေတိုက်စား၍ မြေထိန်းနံရံတည်ဆောက်
Jun 30,2023
ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ မြို့မရပ်ကွက်အတွင်းရှိ ဘောလုံးကွင်းဘေးလမ်း လောရှာချောင်းရေတိုက်စား၍ မြေထိန်းနံရံ အရှည်ပေ (၁၅၀)၊ အနက်(၂)ပေနှင့် အမြင့်(၅)ပေ စတင် တည်ဆောက်ခြင်းလုပ်ငန်းကို မြို့အုပ်ချုပ်ရေးမှူး ဦးသန့်ထိုက်နှင့် တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။