Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
မိုးညှင်းမြို့တွင် (၁၀၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံစားသောက်ကုန်များ သက်သာဈေးနှုန်းဖြင့် ရောင်းချပေး
Jul 01,2023
(၁၀၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် သမဝါယမဦးစီးဌာနရုံးတွင် အခြေခံစားသောက်ကုန်များအား သက်သာ သောဈေးနှုန်းဖြင့် ယနေ့ နံနက်ပိုင်းမှစတင်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗန်းမော်မြို့တွင် (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အထိမ်းအမှတ်အဖြစ် စားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး
Jul 01,2023
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့တွင် (၁၀၁)နှစ်မြောက်အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အထိမ်းအမှတ်အဖြစ် ဗန်းမော်မြို့နယ်သမဝါယမဦးစီးဌာနနှင့် ဗန်းမော်မြို့နယ် သမဝါယမအသင်းစုတို့ ပူးပေါင်းပြီး အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ယနေ့ နံနက် ၈ နာရီအချိန်ခန့်က မင်းကုန်းရပ်ကွက်ရှိ မြို့နယ်သမဝါယမအသင်းစုရုံးရှေ့တွင် ရောင်းချပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
(၁၀၁)နှစ်ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စမ်းချောင်း မြို့နယ် သမဝါယမဦးစီးဌာနမှ ဆန်၊ဆီများကို အထူး ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး
Jul 01,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်း(မြောက်)ရပ်ကွက်၊ စမ်းချောင်းလမ်းရှိ ချမ်းမြေ့အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက် အသင်းဆိုင်တွင် (၁၀၁)နှစ်ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက် ၁ဝ နာရီခွဲအချိန်က ဆန်၊ဆီများကို အထူးဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ အ-ထ-က(၁) ကျောင်းမိသားစုမှသံဃာတော်အရှင်မြတ်သူများအား ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်း
Jul 01,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့အ-ထ-က(၁)ကျောင်းတွင် ကျောင်းအုပ်ဆရာကြီးဦးစီး၍ ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူများက စုပေါင်းပြီး အ.ထ.က(၁)ကျောင်း မိသားစုများမှ ယမန်နေ့နံနက်၁၀ နာရီအချိန်ခန့်တွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဏ္ဏားကျွန်းမြို့၌ မုန်တိုင်းဘေးဒဏ်သင့် ကျေးရွာအုပ်စုများသို့ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
Jul 01,2023
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့၌ မိုခါမုန်တိုင်းဒဏ်ခံရသည့် ကျေးရွာအုပ်စုများအတွက် ပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့၏ အစီအစဉ်ဖြင့် ယမန်နေ့၊ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြှင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Jul 01,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှဖွင့်လှစ်သည့် အသက်မွေ းဝမ်းကျောင်းအထောက်အကူပြု အဆင့်မြှင့်အပ်ချုပ်စက် သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဖောင်းတောကျေးရွာအုပ်စု၊ ဖောင်းတောကျေးရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့တွင် လူတစ်ဦးချင်းစီ၏ Biometric အချက်အလက်များအား Enrollment Device ဖြင့် စာရင်းကောက်ယူခြင်းလုပ်ငန်း စတင်ဆောင်ရွက်ပြီး QR ကုတ်ပါသည့် UID နံပါတ် ပြန်လည် ထုတ်ပေး
Jul 01,2023
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်သူလူထုများ၏ ကိုယ်ရေးအချက်အလက် မှတ်တမ်းများကို e-IDစနစ်ဖြင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရှိရာတွင် လူတစ်ဦးချင်းစီ၏ Biometric အချက်အလက်များ ဖြည့်သွင်းဆောင်ရွက်ရေးလုပ်ငန်းကို Biometric Enrollment Application Form (ပုံစံ-၁) ဖြင့် ဆောင်ရွက်လျက်ရှိကြရာ မြိတ်မြို့နယ်တွင် ယမန်နေ့က စတင်၍ ဆိပ်ငယ်ရပ်ကွက်၊ ရုံးလမ်း မြိတ်မြို့နယ် ဦးစီးမှူးရုံးနဘေး အဆောက်အဦတွင် ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တော်မြို့နယ် လူမှုဝန်ထမ်းရုံး(လျာထား)မြေနေရာ၌ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jul 01,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်၇ နာရီခွဲအချိန်က ကျောက်တော်ရပ်ကွက်ရှိ မြို့နယ်လူမှုဝန်ထမ်းရုံး (လျာထား)မြေနေရာ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
10743
Page
10744
Page
10745
Page
10746
Current page
10747
Page
10748
Page
10749
Page
10750
Page
10751
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department