ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ အ-ထ-က(၁) ကျောင်းမိသားစုမှသံဃာတော်အရှင်မြတ်သူများအား ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်း

ရသေ့တောင် ဇူလိုင် ၁

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့အ-ထ-က(၁)ကျောင်းတွင် ကျောင်းအုပ်ဆရာကြီးဦးစီး၍ ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူများက စုပေါင်းပြီး အ.ထ.က(၁)ကျောင်း မိသားစုများမှ ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်တွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပင့်ဖိတ်ထားသော သံဃာတော်အရှင်မြတ်တို့အား ဆရာကြီး၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများပါဝင်သော အ.ထ.က (၁)ကျောင်းမိသားစုများက ခရီးဦးကြိုဆိုကြပြီး  သံဃာတော်အရှင်သူမြတ်တို့ထံမှ နမောတဿ သုံးကြိမ်ရွတ်ဆို ၍အခန်းအနားဖွင့်လှစ်ပြီး အလိုတော်ပြည့်ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူရာ အန္တရာယ်ကင်းပရိတ်တရားတော်မြတ်အား ရွတ်ဖတ်ပူဇော်ပြီးနောက် အ.ထ.က(၁) ကျောင်းမိသားစုများက ဝါဆိုသင်္ဃန်းနှင့်လှူဖွယ်ပစ္စည်းများဖြင့် ဆပ်ကပ်လှူဒါန်းကြကာ အခမ်းအနားကို ဗုဓ္ဒသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ရသေ့တောင် (ပြန်/ဆက်)