ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြှင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရပ်စောက် ဇူလိုင် ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှဖွင့်လှစ်သည့် အသက်မွေ းဝမ်းကျောင်းအထောက်အကူပြု အဆင့်မြှင့်အပ်ချုပ်စက် သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဖောင်းတောကျေးရွာအုပ်စု၊ ဖောင်းတောကျေးရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းစိုးနိုင်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းသက်က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုဖြစ်သော အဆင့်မြှင့်အပ်ချုပ်စက်သင်တန်း သင်ကြားတတ်မြောက်စေခြင်းဖြင့် အလုပ် အကိုင်အခွင့် အလမ်းများရရှိ၍ ဆင်းရဲနွမ်းပါးမှုလျော့ချပြီး မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ သင်တန်းအားဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းပြောသည်။

ဆက်လက်၍ ဖောင်းတောကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများက သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် သင်တန်းသူ(၃)ဦး တို့အား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြှင့်အပ်ချုပ်စက်သင်တန်းကို ဖောင်းတော ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ သင်တန်းသူ(၂၀)ဦးတို့က သင်တန်းကာလ(၁)လကြာ တက်ရောက် သင်ကြားခဲ့ကြကြောင်း သိရသည်။

ဆုမွန်