သတင်းများ

ဇလွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း သား/သမီးများအား ပညာသင် စရိတ်နှင့်စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကျင်းပ
Jul 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းသား / သမီးများအား ပညာသင်စရိတ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်လတ်၌ ၂၀၁၂-ခုနှစ် လယ်ယာမြေဥပဒေအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပညာပေး ဆွေးနွေး
Jul 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ၂၀၁၂-ခုနှစ် လယ်ယာမြေဥပဒေအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့နယ်၌ ပြည်သူများအား အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာရောင်းချ
Jul 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပြည်သူများ အသားများ စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် သန့်ရှင်းလက်ဆတ်သော ဝက်သားများကို ပြင်ပပေါက်စျေးထက် သက်သာ သောနှုန်းထားဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် (၇) နာရီက မြို့နယ် မီးသတ်ဦးစီးဌာန ရုံးရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကျိုက်ထိုခရိုင်တွင် ခရိုင်အဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် ရွတ်ဖတ်ပူဇော်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jul 01,2023
ကျိုက်ထိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အဆင့်ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် ရွတ်ဖတ်ပူဇော်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၇)နာရီတွင် ကျိုက်ထိုမြို့ မြို့နယ် သာသနာ့ဗိမ္မာန်၌ ကျင်းပပြုလုပ်ခဲ့သည်။
အောင်လံမြို့နယ်၌ Grade-12 နှင့် Grade-9 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Jul 01,2023
မကွေးတိုင်းဒေသကြီး‌၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် ဆရာ၊ ဆရာမများ၏ ဘာသာရပ်အလိုက် သင်ကြားမှုအရည်အသွေးမြှင့်တင်ရန် ရည်ရွယ်၍ Grade-12 နှင့် Grade-9(သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမတွင် ယနေ့နံနက် ၉နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝေါမြို့နယ်၌ (၃၈) ကြိမ်မြောက် မြို့နယ်အဆင့်ဗုဒ္ဓဘာယာ ယဥ်ကျေးမှုစာမေးပွဲတွင် ထူးချွန်ဆု ရရှိသူများအား ဆုချီးမြှင့်ပွဲကျင်းပ
Jul 01,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ (၃၈) ကြိမ်မြောက် မြို့နယ်အဆင့်ဗုဒ္ဓဘာယာ ယဥ်ကျေးမှုစာမေးပွဲတွင် ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက် (၉) နာရီက အခြေခံပညာအထက်တန်းကျောင်း သီရိဇေယျာခန်းမတွင် ကျင်းပခဲ့သည်။
လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက်၅ နှစ်နှင့် ၁၂ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား၊ ကျောင်းသူ ၁၃၄၉ ဦးအား ကိုဗစ်ကာကွယ်ဆေးထိုးနှံ
Jul 01,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုကာကွယ်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဇွန်၂၆ ရက်မှ စတင်ထိုးနှံ လျက်ရှိသည်။
ဝေါမြို့နယ်၌ (၁၀၁) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးရေးအစီအမံဖြင့် သဘာဝမြေသြဇာပေးအပ်လှူဒါန်းပွဲကျင်းပ
Jul 01,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ (၁၀၁) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးစပါးစိုက်ပျိုးသည့် ဘိုးဦးစိန်ကျေးရွာ၊ စံပြလူငယ်စိုက်ပျိုးရေးသမဝါယမအသင်းလီမိတက်အသင်းသားများအား (စမ်းဝတီ) သဘာဝမြေသြဇာပေးအပ် လှူဒါန်းပွဲကို ယနေ့နံနက် (၉) နာရီက မြို့နယ်သမဝါယမ ဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။