မိုးညှင်း ဇူလိုင် ၁
(၁၀၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် သမဝါယမဦးစီးဌာနရုံးတွင် အခြေခံစားသောက်ကုန်များအား သက်သာ သောဈေးနှုန်းဖြင့် ယနေ့ နံနက်ပိုင်းမှစတင်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၃ခုနှစ် ဇူလိုင်လ (၁)ရက်တွင် ကျရောက်သည့် (၁၀၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် ကြက်သွန်နီတို့ကို ဈေးနှုန်းသက်သာစွာဖြင့် သမဝါယမအသင်းသား အသင်းသူများနှင့် ဒေသခံပြည်သူ များအား ရောင်းချပေးလျက်ရှိရာ ဆန် (၅)ပြည်အိတ် တစ်အိတ်လျှင် ငွေကျပ်(၂၀၀၀၀) နှုန်းဖြင့်လည်းကောင်း၊ မြေပဲဆီ တစ်ပိဿာလျှင် ငွေကျပ်(၁၅၅၀၀)နှုန်းဖြင့် လည်းကောင်း၊ ကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ် (၂၅၀၀)နှုန်းဖြင့်လည်းကောင်း အသီးသီး ရောင်းချပေးလျက်ရှိ ကြောင်း သိရသည်။
ထို့အတူ မိုးညှင်းမြို့နယ် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးမှ အသင်းသား အသင်းသူများအား အတိုးငွေများကို ၂၀၂၁ခုနှစ် အောက်တိုဘာလမှ ၂၀၂၃ မတ်လအထိ သမဝါယမအသင်းလီမိတက်၏ အသင်းသား အသင်းသူဦးရေ စုစုပေါင်း(၆၄၂)ဦးရှိပြီး စုဆောင်းထည့်ဝင်ငွေကျပ် (၂၂၀၄၈၄၈၅၀)ဖြစ်၍ အတိုးငွေကျပ် (၄၀၄၈၈၁၀၅)ကို အသင်းသားအသင်းသူများထံ ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်သမဝါယမဦးစီးဌာနရုံးမှ သိရသည်။
ရွှေမိုးညှင်း(ပြန်/ဆက်)