သတင်းများ

ကျွန်းစုမြို့တွင် ကျေးလက်နေပြည်သူများ လျှပ်စစ်မီး ရရှိရေးနှင့် သောက်သုံးရေရရှိရေးအတွက် တာဝန်ရှိသူများက ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံ
Jun 30,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကျေးလက်နေပြည်သူများ လျှပ်စစ်မီးရရှိရေးနှင့် သောက်သုံးရေရရှိရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မအိုင်ကျေးရွာအုပ်စု၊ လင်မလိုကျေးရွာ၌ တာဝန်ရှိသူများက ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မုံးထမြို့၌ ဆူကာအညွှန့်များစိုက်ပျိုးရောင်းချသူများအဆင်ပြေ
Jun 30,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မုံးထမြို့၌ တောင်သူဦးစောမသူသည် တစ်ပိုင်တစ်နိုင် ဆူကာအညွှန့်များ စိုက်ပျိုးရောင်းချလျက်ရှိရာ ရောင်းအားကောင်းပြီး ဈေးကောင်းရရှိသဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်းသိရသည်။
ကျွန်းစုမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Jun 30,2023
တနင်္သာရီတိုင်းဒေကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က မအိုင်ကျေးရွာအုပ်စု၊ လင်မလိုကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နမ့်ဆန်မြို့နယ်တွင် Grade-12 နှင့် Grade-9 (သင်ရိုးသစ်)ခရိုင်အဆင့် ဆင့်ပွားသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Jun 30,2023
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် အထက်တန်းအဆင့် Grade-12 နှင့် အလယ်တန်းအဆင့် Grade-9 (သင်ရိုးသစ်) ခရိုင်ဆင့် ဆင့်ပွားသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၁) ရှိ ရွှေဖီဦးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရွာငံမြို့နယ်အတွင်း ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူနေမှုများအားကွင်းဆင်းကြည့်ရှု
Jun 30,2023
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊  ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို ဇွန်လ(၂၀)ရက်နေ့မှစတင်၍ မြို့နယ်လဝကရုံးတွင်အခြေပြု၍ ကောက်ယူပေးလျက်ရှိရာ လုပ်ငန်းများအချိန်မှီ ပြီးစီးနိုင်စေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် တာဝန်ရှိသူများက ဇွန် ၃၀ နံနက် ၁၀ နာရီက ကွင်းဆင်းပြည့်ရှုအားပေးခဲ့သည်။
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၏ သြဝါဒါစရိယဆရာတော်ကြီးများထံမှ သြဝါဒခံယူပွဲကျင်းပ
Jun 30,2023
ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် သြဝါဒါစရိယဆရာတော်ကြီးများထံမှ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ သြဝါဒခံယူပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲတွင် နန်းဦးဘုရားကြီးတန်ဆောင်း၌ ကျင်းပခဲ့သည်။
ငဖဲမြို့ ချင်းစုရပ်ရှိ လယ်မြေတွင် ပံဖူးစားပြောင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း၍ မိသားစု စီးပွားရေးအဆင်ပြေ
Jun 30,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့ ချင်းစုရပ်ကွက်သည် မန်းချောင်းနံဘေးတွင် တည်ရှိပြီး မြို့၏အရှေ့ဘက်လယ်မြေများတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းနှင့်အတူ မြေအောက်ရေနှင့် မန်းချောင်းရေကို အသုံးပြု၍ ပံဖူးစားပြောင်းများ စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်း၍ မိသားစု စီးပွားရေးအဆင်ပြေ လျက်ရှိကြောင်း တောင်သူ ဒေါ်လှအေးထံမှ သိရသည်။
လှည်းကူးမြို့နယ်တွင် အခြေခံမော်တာစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ
Jun 30,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံမော်တာစက်ချုပ် သင်တန်းဆင်းပွဲကို  ယနေ့နံနက်ပိုင်းက ရဲမွန်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။