ကျောက်တော်မြို့နယ် လူမှုဝန်ထမ်းရုံး(လျာထား)မြေနေရာ၌  ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကျောက်တော်  ဇူလိုင် ၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌  ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်၇ နာရီခွဲအချိန်က ​ကျောက်တော်ရပ်ကွက်ရှိ မြို့နယ်လူမှုဝန်ထမ်းရုံး (လျာထား)မြေနေရာ၌ ပြုလုပ်သည်။

အဆိုပါ  စုပေါင်းသန့်ရှင်းရေးဆောင် ရွက်ခြင်းကို မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့မှ ဗိုလ်မှူးချုပ်အောင်သူဦး၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ခံများနှင့်ဝန်ထမ်းများ၊ သက်ဆိုက်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်သောအဖွဲ့သည် ကျောက်တော်ရပ်ကွက်ရှိ မြို့နယ်လူမှုဝန်ထမ်းရုံး (လျာထား)မြေနေရာ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြကြောင်း သိရသည်။

ဖြူဖြူဝင်း