သတင်းများ

မိုခါ မုန်တိုင်းဘေးဒဏ်သင့် တောင်သူလယ်သမားများ မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် ပေါ်ဆန်းရင်မျိုးစပါးများ ပုဏ္ဏားကျွန်းမြို့သို့(တတိယအကြိမ်)ရောက်ရှိ
Jul 03,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်သင့် တောင်သူလယ်သမားများ မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သော မျိုးစပါးများကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခြွမှုကော်မတီ၏ စီမံလမ်းညွှန်မှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက လိုအပ်သည့် မျိုးစပါးများအား တပ်မတော် မော်တော်ယာဉ်များဖြင့် ယနေ့၊ နံနက်(၁၁)နာရီတွင် ပုဏ္ဏားကျွန်းမြို့သို့ (တတိယအကြိမ်) ရောက်ရှိလာသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် လယ်ဝေးမြို့နယ် အောင်မြင်ကုန်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ ပြန်လည်ပြုပြင်မွမ်းမံပြီးသော ဓမ္မာရုံ၊ ဆွမ်းစားဆောင်၊ သိမ်ကျောင်းဆောင်နှင့် တစ်ပါးကျောင်း ဆောင်နှစ်ဆောင် ရေစက်ချမင်္ဂလာအခမ်းအနား တက်ရောက်ကြည်ညို
Jul 03,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ် အောင်မြင်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ နေပြည်တော်တိုင်းစစ်ဌာနချုပ်က ပြန်လည်ပြုပြင်မွမ်းမံပြီးသော ဓမ္မာရုံ၊ ဆွမ်းစားဆောင်၊ သိမ်ကျောင်းဆောင်နှင့် တစ်ပါးကျောင်းဆောင်နှစ်ဆောင် ရေစက်ချမင်္ဂလာ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဘုန်းတော်ကြီးကျောင်းတွင် ကျင်းပရာ လယ်ဝေးမြို့နယ် သံဃနာယကအဖွဲ့ဝင် ဝင်တဲကူးကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တပသန္နာစာရ မထေရ်မြတ်အမှူးပြုသော ဆရာတော် သံဃာတော်များ တက်ရောက် ချီးမြှင့်တော်မူကြသည်။
ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဇမ္ဗူသီရိမြို့နယ် စာရေးဆရာအသင်း ဖွဲ့စည်းခြင်းအခမ်းအနားကျင်းပ
Jul 03,2023
ဇမ္ဗူသီရိမြို့နယ် စာရေးဆရာအသင်း ဖွဲ့စည်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပသည်။
လဲချားတွင် ဂုဏ်ပြုပူဇော်ခြင်း၊ စာအောင်လက်မှတ် ဆက်ကပ်ခြင်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ရာများ လောင်းလှူခြင်း အခမ်းအနားကျင်းပ
Jul 03,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ဂုဏ်ပြုပူဇော်ခြင်း၊ စာအောင်လက်မှတ်ဆက်ကပ်ခြင်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ရာများ လောင်းလှူခြင်း အခမ်းအနားကို ယနေ့နေ့လည်(၁၂)နာရီအချိန်က ဟွေရင်ကျောင်း ပရိယတ္တိစာသင်တိုက်တွင် ကျင်းပခဲ့ပါသည်။
ပွင့်ဖြူမြို့နယ် စံပြကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများဆောင်ရွက်
Jul 03,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာ‌စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် စံပြ ကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ချောက်ခရိုင် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၏ ၂၀၂၃ ခုနှစ်၊ မိုးရာသီ တမာပျိုးပင် စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ
Jul 03,2023
ချောက်ခရိုင်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီတမာပျိုးပင် စိုက်ပျိုးပွဲအခမ်းအနားကို ယ​မန်နေ့နံနက်(၈)နာရီအချိန်က အမှတ်(၁၄)ရပ်ကွက် စစ်ကွင်းရပ်ရှိ​ စု​ပေါင်းရုံး ဝန်းအတွင်း၌ ကျင်းပ​ပြုလုပ်ခဲ့သည်။
ပေါင်းတည်၌ ကောက်စိုက်စက်ဖြင့် မျိုးသန့်မျိုးပွား မျိုးစေ့ထုတ်( RS) စပါး စတင်စိုက်ပျိုး
Jul 03,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးသန့်ခြံ(မျိုးစေ့ထုတ်ဌာနခွဲ)ရှိ စိုက်ခင်းများ၌  ပျိုးထောင်ထားသော (RS)စပါးပျိုးပင်များအား ဌာနပိုင်ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး ဝန်ထမ်းများက စတင်ဆောင်ရွက်ကြသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့ ကမ်းနားလမ်း တိုးချဲ့ဆိပ်ခံတား တည်ဆောက်ခြင်း လုပ်ငန်းပြီးစီးမှုနှင့် ရေမြောင်းများတူးဖော်နေမှုအား ကြည့်ရှုစစ်ဆေး
Jul 03,2023
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တိုင်းဒေသကြီး‌ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ပုသိမ်မြို့ ကမ်းနားလမ်း၊ မြေနုလမ်းဆိပ်ခံတားနှင့် ဥမ္မာဒန္တီဆိပ်ခံတံတားအကြား ကမ်းနားလမ်းတိုးချဲ့ ဆိပ်ခံတံတား (Jetty) အလျား(၅၃၀)ပေ တည်ဆောက်ပြီးစီးမှု၊ ဥမ္မာဒန္တီဆိပ်ခံတံတားနှင့် ဗိုလ်မြတ်လေးဆိပ် ခံတံတားအကြားတွင် ကမ်းနားလမ်း တိုးချဲ့ဆိပ်ခံတံတားအလျား(၂၀၀)ပေ တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ရာ တိုင်း​ဒေသကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်း​ဒေသကြီးဦးစီးမှူးက လုပ်ငန်း​ဆောင်ရွက်ပြီးစီးမှုအ​ခြေအ​နေများ ဆက်လက်လက်​ဆောင်ရွက်မည့် အ​ခြေအ​နေများအား လိုက်လံရှင်းလင်း တင်ပြခဲ့သည်။