စမ်းချောင်း ဇူလိုင် ၁
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်း(မြောက်)ရပ်ကွက်၊ စမ်းချောင်းလမ်းရှိ ချမ်းမြေ့အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက် အသင်းဆိုင်တွင် (၁၀၁)နှစ်ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက် ၁ဝ နာရီခွဲအချိန်က ဆန်၊ဆီများကို အထူးဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါဆန်၊ဆီများကို အထူးဈေးနှုန်းသက်သာစွာဖြင့် ရောင်းချရာတွင် စမ်းချောင်းမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီအောင်နှင့် စမ်းချောင်းမြို့နယ် သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးဝင်းတင်တို့ ဦးဆောင်၍ စမ်းချောင်း(မြောက်)ရပ်ကွက်၊ စမ်းချောင်းလမ်းရှိ ချမ်းမြေ့ အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း လီမိတက်အသင်းဆိုင် ဥက္ကဋ္ဌ ဦးသန်းဝင်းမှ စမ်းချောင်း မြို့နယ်အတွင်းရှိ မိဘပြည်သူများအား ဆန်၊ဆီများကို ဈေးနှုန်းအထူး သက်သာစွာဖြင့် ရောင်းချပေးခဲ့ကြကြောင်း သိရသည်။
နီလာစိုး