ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ၂၀၂၃ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့တက်ရောက်

ဟိုပုံး ဇူလိုင် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် သစ်တောမီခိုနေထိုင်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်တောထိန်းသိမ်းခြင်းနှင့် ဒေသခံပြည်သူ အခြေပြုစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးမှုဆိုင်ရာ စံပြသစ်တောတည်ထောင်ခြင်းစီမံကိန်းအစီအစဉ်ဖြင့် ဆောင်ရွက်သည့် ၂၀၂၃ ခုနှစ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ ယနေ့နံနက် ၈နာရီအချိန်က ဟဲလုံကျေးရွာအုပ်စု၊ ဂေါ်ရခါးရေထွက်အနီးတွင်ပြုလုပ်သည်။

သစ်ပင်စိုက်ပျိုးပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းကိုလည်းကောင်း၊ တပ်မတော်ကွန်ပျူတာ နှင့်နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်က (PNO)အသွင်ပြောင်းပြည်သူ့ စစ်ဌာနေအဖွဲ့ကိုလည်းကောင်း၊ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်းနိုင်ဦးက လွယ်တန့်ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်ကို လည်းကောင်း စိုက်ပျိုးမည့် ပျိုးပင်များအား အသီးသီးပေးအပ်ခဲ့ကြသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အဖွဲ့ဝင်များ ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ သစ်‌တောဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ သောင်းနိုင်ဦး၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များက ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ တပ်မတော် ကွန်ပျူတာနှင့်နည်းပညာ သိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် သစ်‌တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများက စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေး ခဲ့ကြပြီးနောက် အဆိုပါသစ် ပင်စိုက်ပျိုးပွဲတွင် ခါတော်မီ၊ မာတာကွတ်(ငှက်သကြား)၊ စိန်ပန်းနီ၊ မျောက်ငို၊ တောင်တမာ(မဲရုံး)စုစုပေါင်း(၄၀၀) ပင်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ ဆက်)