ကျောက်ဆည်မြို့နယ်တွင် နွေစပါး(၅၂၈၁၇)ဧက လျာထားစိုက်ပျိုး

ကျောက်ဆည်၊ ဇူလှိုင် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း ဆန်စပါးဖူလုံ ပိုလျှံရေး နွေစပါး (၅၂၈၁၇)ဧက လျာထားစိုက်ပျိုးလျက်ရှိရာ လျားထားစပါးဧကများ ပြည့်မီကျော်လွန်ရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာမှ ရေပေးဝေရေးမြောင်းများအလိုက် စပါးပျိုးထောင် စိုက်ပျိုးရေးများ အလှည့်ကျစနစ်ဖြင့် ပေးဝေလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် မိုးစပါးများ စိုက်ပျိုးရာတွင် မင်းရဲ စိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင်(၅၉၇၀)ဧက၊  သင်းတွဲ စိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင်(၁၀၁၄၈)ဧက၊ သင်းဒီး စိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင်(၉၈၇၃)ဧက၊ ထုံးကြီး  စိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်း တွင် (၉၂၄၅)ဧက၊  စမာစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင်(၈၀၃၂)ဧက၊  တမုတ် စိုက်ပျိုးရေး နည်းပညာပေး ရှေ့တန်းစခန်းတွင်(၉၅၄၉)ဧက၊  စုစုပေါင်း(၅၂၈၁၇)ဧက လျာထား စိုက်ပျိုးလျက်ရှိ ကြောင်း သိရသည်။

မိုးစပါးများစိုက်ပျိုးရာတွင် ဒေသအလိုက် ပျိုးထောင်းစိုက်ပျိုးခြင်း၊ အစေ့တိုက်ရိုက်ချစိုက်ပျိုးခြင်း နည်းစနစ်များဖြင့် စိုက်ပျိုးကြပြီး စပါးစိုက်ခင်းများအောင်မြင်ရေး  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စိုက်နည်းစနစ်များ စနစ်အကျ ကူညီးပေးခြင်း၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများ အလှည်ကျစနစ်ဖြင့် ပြည့်ဝစွာပေးဝေခြင်း၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာမှ လုပ်သားရှားပါးမှုနှင့် လုပ်ငန်းများ တွင်ကျယ်စေရေး တောင်သူသုံး စက်ကိရိယာများဖြင့် ပူးပေါင်း ကူညီပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်ခရိုင် (ပြန်/ ဆက်)