မင်းလှ ဇူလိုင် ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းက သုံးမွှာပူးကလေးငယ်များမွေးဖွားသည့်မိဘများအား ထောက် ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)မှထောက် ပံ့ပေးအပ်သည် သုံးသိန်းကျပ်ကို မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်ဝေငြိမ်းနှင့် အဖွဲ့ဝင်များက အလယ်ကုန်းအုပ်စု၊ချောင်းဂွကျေးရွာနေ သားယောင်္ကျားလေးသုံးမွှာပူးက လေးငယ်များမွေးဖွားသည့် ဖခင်ဦးဇော်ထူးနှင့် မိခင်ဒေါ်ခင်လပြည့်တို့အား လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါသားယောင်္ကျားလေးသုံးမွှာပူးကလေးငယ်များနှင့် မိဘများမှာကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ပေါက်စ(ပြန်/ ဆက်)