Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ပဲခူးမြို့၌ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကျင်းပ
Jul 18,2023
ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် နေ့ထူးနေ့မြတ်များကို မမေ့အပ်စေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင် ပန်းချီနှင့်ကျပန်းစကားပြော ပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကျင်းပ
Jul 18,2023
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် ပန်းချီပြိုင်ပွဲ၊ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အဖြစ်ကျင်းပပြုလုပ်ခဲ့သည့် ကျပန်းစကားပြောပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲကို ယနေ့ နံနက်(၉)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သိန္နီမြို့၌ သက်ဆိုင်ရာဌာန ထောက်ခံချက်မရှိသော စားသုံးဆီများ ဖြန့်ဖြူးရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်
Jul 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် သက်ဆိုင်ရာဌာန ထောက်ခံချက်မရှိသော စားသုံးဆီများ ဖြန့်ဖြူးရောင်းချမှုမရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများကို ယနေ့နံနက် ၈ နာရီအချိန်က မြို့မဈေးနှင့်ဈေးတန်းရပ်များတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တာလေမြို့၌ ဂါလံ(၃၀၀၀၀)ဆံ့ ရေစုကန်သို့ နတ်စင်ချောင်းမှ ရေပို့ရန် Intake ရေစတင်ယူရာနေရာအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု ရွေးချယ်သတ်မှတ်ပေး
Jul 18,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများအား သောက်သုံးရေလုံလောက်စွာ ဖြန့်ဝေပေးနိုင်ရေးအတွက် ဂါလံ(၃၀၀၀၀)ဆံ့ တိုးချဲ့ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်မည်ဖြစ်ရာ အဆိုပါ ရေစုကန်သို့ ရေပို့ရန် ဆောင်ရွက်မည့် နတ်စင်ချောင်းတွင် Intake ရေစတင်ယူရာနေရာအား ယမန်နေ့ ညနေပိုင်းက တာဝန်ရှိသူတို့ ကွင်းဆင်းကြည့်ရှု့ ရွေးချယ်သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သနပ်ပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပ
Jul 18,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှလူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သိန္နီမြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပ
Jul 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရယ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံ
Jul 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် အသက် ၅ နှစ်မှ ၁၂ အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားခြင်းမရှိသေးသည့် ကျောင်းသား/ သူများကို ယနေ့နံနက် ၁၀ နာရီမှ စ၍ ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မလှိုင်မြို့နယ် ကျေးလက်ကျန်းမာရေးဌာနခွဲ နှင့် ဝန်ထမ်းအိမ်ယာ အဆောက်အဉီဆောက်လုပ်ရန် ပန္နက်တင် မင်္ဂလာအခမ်းအနားကျင်းပ
Jul 18,2023
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ကျပ်ဆည်ကျေးရွာအုပ်စု၊ ဆပ်ခင်းကြီးကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဉီနှင့် ဝန်ထမ်းအိမ်ယာ ဆောက်လုပ်ရန် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အဆိုပါကျေးရွာရှိ အဆောက်အဉီသစ် ဆောက်လုပ်မည့် မြေနေရာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
10616
Page
10617
Page
10618
Page
10619
Current page
10620
Page
10621
Page
10622
Page
10623
Page
10624
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department