ဂူပြောက်ကြီး(ဝက်ကြီးအင်း)ဘုရားရှိ နံရံဆေးရေးပန်းချီများကိုလေ့လာနိုင်

ညောင်ဦး  ဇူလိုင်  ၁၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဂူမြောက်ကြီး (ဝက်ကြီးအင်း)ဘုရားအတွင်းရှိ အလွန်လှပသော နံရံပန်းချီများနှင့်နှစ်ကျိတ် ရှစ်ဆူဘုရားများ၊ ပန်းခက်ပန်းနွယ်များ၊ ဗုဒ္ဓဝင်အကြောင်းအရာ၊ ငါးရာ့ငါးဆယ်ဇာတ်ကွက်များကို ကမ္ဗည်းမင်စာနှင့်တကွ လေ့လာနိုင်ကြောင်း သိရသည်။

ဂူပြောက်ကြီးဘုရားသည် မဟာဗောဓိပုံ ကွမ်းတောင်ပေါက်လိုဏ်နှစ်ဆင့်ဂူဘုရားဖြစ်ပြီး  အေဒီ ၁၃ ရာစုအစောပိုင်းကတည်ခဲ့ပြီး ပေါင်းကူမျက်နှာကျက်များနှင့်နံရံများ တွင် နံရံဆေးရေးပန်းချီ များရှိပြီး အဝင်ခန်းမအတွင်း အလင်းရောင်ရသဖြင့် ပန်းချီများကို ရှင်းရှင်းလင်းလင်းလေ့လာနိုင် ကြောင်းသိရသည်။ ဘုရား၏အဝင်ခန်းမ ပေါင်းကူးမျက်နှာကျက်တွင် ဘုရား၏ခြေတော်ရာ ကွက်နှင့်တကွအလွန်လှပသောပန်းချီကွက်များရှိကာ အဝင်ခန်းမ၏ တောင်ဘက်နံရံနှင့် မြောက်ဘက်နံရံတွင် နှစ်ကျိတ်ရှစ်ဆူဘုရားများ၊ပန်း ခက်ပန်းနွယ်များ၊ ဗုဒ္ဓဝင်အကြောင်းအရာများ၊ ငါ့ရာ့ငါးဆယ်ဇာတ်ကွက်များကို ကမ္ဗည်းမင်စာနှင့်တကွလက်တွေ့ လာရောက်လေ့လာနိုင်သည်။ ဘုရားကြီးအဝင်ခန်းမအတွင်း ဘုရားဆင်းတုတော်ထားရှိရာ ပလ္လင်၏လက်ဝဲ/လက်ယာ နောက်ဘက်နံရံတွင်မာရ်နတ် စစ်သည်ပုံများကို ရေးဆွဲထားတာကို လေ့လာနိုင်သည်။ အာရုံခံခန်းမ ပေါင်းကူးမျက်နှာကျက်တွင် ပန်းခက်ပန်းနွယ်ပုံ၊ အလှပန်းများ၊ ငှက်ရုပ်ပုံများ၊ ကျက်တငိုပုံများ၊ သစ်ရွက်ပုံ ပန်းတန်းများရေးဆွဲထားသည်ကိုလေ့လာနိုင်မည်ဖြစ်သည်။ အေဒီ ၁၈၉၉ ခုနှစ်တွင် ဂျာမန်ခရီးသွား မစ္စတာထော်နန်းကနံရံဆေးရေးပန်းချီများကို လွှဖြင့်လှီးဖြတ်ခိုး ယူသွားခဲ့ကြောင်းသိရသည်။ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသတွင် ဝက်ကြီးအင်း ဂူပြောက်ကြီးဘုရား နှင့်မြင်းက ပါဂူပြောက်ကြီးဘုရားနှစ်ဆူရှိကြောင်းလည်း သိရသည်။

ဒီပါလင်း