သီးနှံအခြေခံတန်းဖိုးမြှင့်စားသောက်ကုန်ထုတ် နည်းပညာသင်တန်း၂/၂၀၂၃ ဖွင့်ပွဲကျင်းပ

ရမည်းသင်း    ဇူလိုင်  ၁၈

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အသေးစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ အလုပ်အကိုင်အခွင့်အလန်းများရရှိစေရန် သီးနှံအခြေခံတန်းဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၂/၂၀၂၃ ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက လူမှုစီးပွားပြည့်စုံ ရေးအခြေခံစားသောက်ကုန်မှ အဆင့်မြှင့်စားသောက်ထုတ်လုပ်ကာ ဖြန့်ဖြူး ရောင်းချနိုင်ရေးနှင့် မိသားစုအပိုဝင်ငွေများရရှိကြောင်း ရှင်းလင်းပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇော်မှ အရည်အသွေး ကောင်းမွန်သောကုန်ပစ္စည်းများပေါ်ထွက်လာရေး၊ အသေးစားလုပ်ငန်းများ ထူထောင်လာနိုင်ပြီး ထုတ်လုပ်သည့် စားသောက်ကုန်ပစ္စည်းများအား အရည်အသွေးကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော ထုတ်ကုန်ထုတ်လုပ်နိုင်ရန်၊ သွင်းကုန်အစားထိုးစားသောက်ကုန်များကို တစ်ပိုင်တစ်နိုင်ထုတ်လုပ်၍ ဈေးကွက်တွင်ထိုးဖောက်ရောင်းချနိုင်စေခြင်း၊ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်ခြင်းနည်း ပညာဖြန့်ဝေခြင်းဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ မြှင့်တင်နိုင်ကာ ပြည်သူများ အလုပ်အကိုင်များရရှိစေရန်နှင့် စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများထူထောင်၍ အသေးစားစက်မှုလက်မှုလုပ်ငန်း မှတ်ပုံတင်လျောက်ထားခြင်းတို့ကို ရှင်းလင်းပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာများမှ သင်တန်းသူများတက်ရောက်ပြီး သီးနှံအခြေခံတန်းဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်း၂/၂၀၂၃ ကို ဇူလိုင် ၁၇ ရက်မှ ၂၁ ရက်နေ့ထိ စားသောက်ကုန်လုပ်ငန်းသုံးတာရှည် ခံဓါတုဗေဒပစ္စည်းများအသုံးပြုနည်း၊ နာနတ်ယို၊ နာနတ်အနှစ်ရည်၊ ကျောက်ဖရုံယို၊ ဇီးယို၊ ဂျယ်လီ၊ ခရမ်းချဉ်သီးယို/ခရမ်းချဉ်ဆော့စ်၊ သင်္ဘောသီးယို၊ မန်ကျည်းအနှစ်ရည်နှင့် ဒိန်ချဉ်စသည့် စားသောက်ကုန်သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်နည်းများကို လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး အသေးစား၊စားသောက်ကုန်လုပ်ငန်းအတွက် ဈေးကွက်ဆိုင်ရာ နည်းပညာများ ရှင်းလင်းသင်ကြားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်၊ရမည်းသင်း)