ချောက်မြို့နယ်၌  (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ​ဆေး​ရောင်ခြယ်၊ ပုံ​ပြင်ပြော၊ အရုပ်ဆက် ပြိုင်ပွဲများကျင်းပ

ချောက် ဇူလိုင် ၁၈

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊ ​ချောက်မြို့နယ်တွင်  ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့် ဆေး​ရောင်ခြယ်၊ ပုံပြင်ပြော၊ အရုပ်ဆက်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၁) အ​ခြေခံပညာမူလတန်း​ကျောင်းတို့ပူးပေါင်း၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး​ဒေါ်ခင်ချိုချိုဝင်းက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲတွင်ယှဥ်ပြိုင် ရမည့် စည်းမျဥ်းစည်းကမ်းတို့အား ရှင်းလင်း​ပြောကြားခဲ့သည်။ ပြိုင်ပွဲတွင်အမှတ်(၁)အ​ခြေခံပညာ မူလတန်း​ကျောင်းမှ Grade - 3 ​ကျောင်းသား/​သူ​လေးများက ​ဆေး​ရောင်ခြယ်ပြိုင်ပွဲ၊ ပုံပြင်​ပြောပြိုင်ပွဲ၊ ဗိုလ်ချုပ်​အောင်ဆန်း ပုံတူအရုပ်ဆက်ပြိုင်ပွဲတို့ ကျင်းပပြုလုပ်ခဲ့ရာ​ ကျောင်းသား/သူ စုစု​ပေါင်း(၂၆)ဦးတို့ ဝင်​ရောက်ယှဥ်ပြိုင်ခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသည့် ​ကျောင်းသား/သူ​လေးများအား မြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး​ ဒေါ်ခင်ချိုချိုဝင်းနှင့် ဆရာမများက အမှတ်တရလက်​ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)