ညောင်တုန်းမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်

ညောင်တုန်း ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ‌အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အမှတ်(၅) ရပ်ကွက်၊ စာတိုက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက ဝာာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းသည် အရှည် ၇၀၀ ပေ၊ အကျယ် ၁၆ ပေ၊ ဒု ၈ လက်မဖြင့် Emerald Delta ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်ဦး၊ တာဝန်ခံအင်ဂျင်နီယာ ဦးဝင်းမြင့်နှင့် အင်ဂျင်နီယာများက လမ်းအရည်အသွေး ကောင်းမွန်စေ ရေးနှင့် အချိန်မီပြီးစီး‌‌ရေးအတွက် ကြီးကြပ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)