သံတောင်ကြီးဒေသထွက်   ပေါ်ဦးပေါ်ဖျား တောင်ယာငရုတ်သီးများ  စိုက်ပျိုးခြင်းကြောင့် မိသားစု အပိုဝင်ငွေရရှိ

သံတောင်ကြီး ဇူလိုင်  ၁၈

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့တွင် ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်းမှုအဖြစ် စိုက်ပျိုးရေးလုပ်ငန်းကိုအဓိကစိုက်ပျိုးလျက်ရှိရာ မိမိတို့၏မြေလွတ်မြေရိုင်းများတွင် တောင်ယာများ ခုတ်ကာနှစ် ရှည်ပင်သီးနှံများဖြစ်သည့် ကွမ်းပင်၊ ဒူးရင်း၊  မင်းကွတ်၊  ဖာလာ၊ ကော်ဖီ၊ဒညင်းစသည့် နှစ်ရှည်ပင်များနှင့်အတူ နှစ်တိုပင်သီးနှံဖြစ်သည့်   ငရုတ်ပင်များကိုလည်း စိုက်ပျိုးကြသည်။ ငရုတ်ပင်များသည် နွေ၊  မိုး၊ ဆောင်းရာသီမရွေးဖူးပွင့်ကာ   အသီးသီးလျက်ရှိပြီး ယခုဇူလိူင်လတတိယပတ်တွင် ပေါ်ဦးပေါ်ဖျား  တောင်ယာငရုတ်သီးများ ဆွတ်ခူးရောင်းချရာတွင် ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။ 

အဆိုပါ တောင်ယာငရုတ်သီးများသည်    ယခုဇူလိုင်လ တတိယပတ်မှစ၍အသီးများရင့်မှည့်ကာ  ခူးဆွတ်ရောင်းချလျက်ရှိပြီး  ငရုတ်သီးစိမ်းတပိသာလျှင်  ကျပ်(၁၀၀၀၀)မှ  ကျပ် (၁၂၀၀၀)အထိ ရရှိ ကြောင်းသိရသည်။ တောင်ယာငရုတ်သီးများကို မြို့ပေါ်တွင်   သာရောင်းချကြပြီး ဈေးကောင်းရရှိသည့် အတွက်မိသားစု အပိုဝင် ငွေရရှိ ကာ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်းသိရသည်။

နော်နော်မူ