ကျိုင်းတောင်း ဇူလိုင် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းသီဟထွန်းက ပြိုင်ပွဲကျင်းပရခြင်း၏ အကြောင်းအရာများ၊ အမှတ်ပေးစည်းမျဉ်း များနှင့် ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများကို ပြောကြားဆောင်ရွက်ပြီး အဆိုပါပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်ကြသည့် ကြယ်စင်ဖြူ မူကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၀)ဦး တို့က ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲသို့ ကြယ်စင်ဖြူမူကြိုကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ စုစုပေါင်း (၁၀၀)ဦးခန့် တို့က တက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
သီဟ ( ပြန်/ဆက် )