မိုင်းငေါ့ ဇူလိုင် ၁၈
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကလေးအလုပ်သမားပပျောက်ရေး၊ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများ၊ ကလေးအလုပ်သမားများ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်များအား မိုင်းငေါ့မြို့ ပြည်သူလူထုများသိရှိနိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်တွင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထားသည်။
အဆိုပါ နံရံကပ်ပြဘုတ်တွင် ကလေးအလုပ်သမားဟူသည် အဘယ်နည်း၊ ကလေးလုပ်သား၏ အကျိုး ဆက် များ၊ ကလေးအလုပ်သမားများအတွက် ဥပဒေများ၊ ကိုဗစ်ကာလအတွင်း ကလေးအလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်အတွင်း ဝင်ရောက်ရန်မဟုတ်သည့်အချက်များ၊ ကလေးအလုပ်သမားများပပျောက်ရေး ပြည်သူလူထုက ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရေး အချက် များကိုပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ ကြကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)