တိုက်ကြီး ဇူလိုင် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အာဟာရများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပျဉ်းမကုန်းကျေးရွာ မိခင်နှင့်ကလေးစောင့်ရှောက်ရေးသားဖွားခန်း၌ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ခြင်းကို ဥက္ကံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ဥက္ကံမြို့ အမျိုးသမီးရေးရာအဖွဲ့ခွဲအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းခွဲအဖွဲ့ဝင်များ၊ ပျဉ်းမကုန်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲဝန်ထမ်းများ ပူးပေါင်း၍ ကိုယ်ဝန်ဆောင်မိခင်များအား အန္တရာယ်ရှိသော ကိုယ်ဝန်ဆောင်နှင့်ပတ်သက်၍ ဆေးရုံဆေးခန်းများတွင် မွေးဖွားကြရန် ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ မွေးဖွားသည့်ပစ္စည်းကိရိယာများအား ကြည့်ရှုစစ်ဆေးခြင်း၊ ပေါင်ချိန်ပေးခြင်းစသည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်များအတွက် တစ်ဦးလျှင် ငှက်ပျောသီး ၁ ဖီး၊ ကြက်ဥ ၁၀ လုံး၊ ကွေကာအုပ် ၁၀ ထုပ်၊ အိုင်အိုဒင်းဆား ၁ ထုပ်၊ ငွေသား ၅၀၀၀၀ ကျပ်နှုန်းဖြင့် အာဟာရထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)