ရေနံချောင်းမြို့နယ်၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ရေနံချောင်း ဇူလိုင် ၂၀

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ မြစ်ရေဝင်ရောက်သည့် အနိမ့်ပိုင်းရပ်ကွက်များနှင့် ဈေးများတွင် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန်အတွက် အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဆောင်၍ လျှပ်စစ်ဝန်ထမ်းများက ပြည်သူများ လျှပ်စစ်ကိုင်တွယ်သုံးစွဲရာတွင် သတိပြုရမည့်ဆောင်ရန်ရှောင်ရန်အချက်များနှင့်နေအိမ်များတွင် သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးများ ဟောင်းနွမ်းဆွေးမြေ့ပါက အသစ်လဲအသုံးပြုရန် အသိပညာပေးဟောပြောပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)