သတင်းများ

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး အသိပညာပေးခြင်း ဆွေးနွေးပွဲဆောင်ရွက်
Jul 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်
Jul 20,2025
လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယ‌နေ့နံနက် ၁၀ နာရီက အမှတ်(၁၆၈)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် မိုးကြိုဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း‌ပြီး ဝါကောက်ယူနေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 20,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်  ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးကြိုဝါစိုက်ပျိုးခြင်းဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်‌စေရန်နှင့် အသင်းသား‌တောင်သူတစ်ဦးချင်း ဝင်‌ငွေတိုးပွား‌စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ပိုင်‌ငွေနှင့် မြို့နယ်သမဝါယမအသင်းစုပိုင်ငွေတို့ဖြင့် စိုက်ပျိုးထားသည့် မြိုင်ကုန်း‌ကျေးရွာရှိ မြိုင်ကုန်းလယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးကျော်ခိုင်ဦး၊ အသင်းသားတောင်သူ ဦးထွန်းငွေနှင့် အသင်းသားတောင်သူ ဦးရွှေမန်းတို့ စိုက်ပျိုးထားသည့် Rakka 999 ခါးဇက်မျိုး မိုးကြိုဝါစိုက်ခင်းများ‌ အောင်မြင်ဖြစ်ထွန်းပြီး ဝါကောက်ယူနေမှုများကို ယမန်နေ့ နံနက်ပိုင်းအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ငပုတောမြို့နယ်၌ မြို့နယ်မြေစာရင်းဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားနှင့် အငြိမ်းစားဝန်ထမ်းများအား ဂါဝရပြုကန်တော့ခြင်း အခမ်းအနားကျင်းပ
Jul 20,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မြေစာရင်းဦးစီးဌာန မြို့နယ်မြေစာရင်းဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားနှင့် မြေစာရင်း (အငြိမ်းစား) ဝန်ထမ်းပင်စင်စားများအား ဂါဝရပြုကန်တော့ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်‌မြေစာရင်းဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ကျုံပျော်မြို့နယ်၌ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးဟောပြော
Jul 20,2025
မီးဘေးအန္တရာယ်ကြောင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်စိန်ဘွင့်၏ လမ်းညွှန်မှုဖြင့် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့က အထောင်မြို့ အမှတ် (၂) ရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်းတွင်  ဆောင်ရွက်ခဲ့သည်။
ပန်းဘဲတန်းမြို့နယ် တိုးတက်အောင်ဆောက်လုပ်ရေးနှင့် အထွေထွေစီးပွါးရေးလုပ်ငန်း သမဝါယမအသင်းလီမိတက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
Jul 20,2025
ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် တိုးတက်အောင်ဆောက်လုပ်ရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဇူလိုင်လ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက ပန်းဘဲတန်းမြို့နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုခဲ့သည်။ 
လှည်းကူးမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါအရှိန်အဟုန်မြှင့် ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သော သွေးလွန်တုပ်ကွေးရောဂါ အရှိန်အဟုန်မြှင့်ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ကျောက်ဆည်မြို့နယ်တွင် စာပေကဏ္ဍမြင့်မားတိုးတက်ရေး မြို့နယ်စာရေးဆရာအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 20,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင်  စာပေကဏ္ဍမြင့်မားတိုးတက်ရေး ယနေ့နံနက် (၁၀) နာရီက စာပေကဏ္ဍမြင့်မားတိုးတက်ရေး မြို့နယ်စာရေးဆရာအသင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။