ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ နေပြည်တော် စာပေဝိုင်း၏ လစဉ်စာပေဆွေးနွေးပွဲ ကျင်းပ
Jul 20,2025
စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့်ရရှိသည့် အတွေးအမြင်၊ ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာ၊ ဆရာမများနှင့် စာပေဝါသနာရှင်များဖြင့် လစဉ်စာပေဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး၊ ပြည်သူ့စာကြည့်တိုက်၌ ကျင်းပရာ နေပြည်တော်စာပေဝိုင်း ဂုဏ်ထူးဆောင်နာယက၊ ပခုက္ကူစာပေတစ်သက်တာဆုရှင် ဆရာမကြီး တင်ရီမ(ညောင်ဦး)၊ အမျိုးသားစာပေဆုရစာရေးဆရာ စိုးတင့်(ဧရာဝတီ)၊ ဒေါက်တာ အောင်ကျော်ဦး၊ ဒေါက်တာမြတ်မိုး(မိုးကေနိုင်)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာ၊ ဆရာမများ၊ စာပေဝါသနာရှင်များ တက်ရောက်သည်။